MENU
Shin Kong Group

နိဒါန်း

Shin Kong လုပ်ငန်းစုကြီး အဖြစ်သို့ ဖွံဖြိုးတိုးတက်လာမည့် Shin Kong စတိုးကို မစ္စတာ ဝူဟောစီ နှင့် ညီအစ်ကိုများဝူကျင်လုံနှင့်ဝူကျင်ဟူ၊ မွေးရပ်မြေသူငယ်ချင်း ဟုန်ဝမ်ချွမ်း နှင့်လင်တိမ်းရှန်း တို့မှ ၁၉၄၅ ခုနှစ်တွင်ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်အခါက အထည်အလိပ်၊ သကြား၊ လက်ဖက် စသည့် ကုန်စည်များကို ရောင်းဝယ်ဖောက်ကားခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် Shin Kong ခြည်မျှင်နှင့်အထည်စက်ရုံ ကို စတင်ထူထောင်ကာ လည်ပတ်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် အာမခံလုပ်ငန်း ၊ ဓါတ်ငွွေ့ နှင့် ဖိုက်ဘာ စသည့်လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံခြင်းဖြင့် ခိုင်မာသည့် စီးပွားရေး အခြေခံ အုတ်မြစ်ကို ချမှတ်ခဲ့သည်။

၁၉၇၀ ခုနှစ်တွင် ကဏ္ဍစုံ ဖွံဖြိုးတိုးတက်လာစေရန် ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေ၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်တိုက် နှင့် ဖျော်ဖြေရေး လုပ်ငန်းများသို့ တိုးချဲ့ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သည်။ ၁၉၈၀ ခုနှစ်မှ စတင်၍ လုံံခြုံရေး ၊ အထပ်မြင့် အေဆောက်အအုံ စီမံခန့်ခွဲမှု ကဏ္ဍ ကို စတင်လုပ်ကိုင်သည်။ ၁၉၈၆ ခုနှစ် အောက်တိုဘာလ တွင် လုပ်ငန်းစတင်ထူထောင်သူ မစ္စတာ ဝူဟောစီ ကွယ်လွန်သည်။ မစ္စတာ ဝူတုံးကျင့် မှ ဥက္ကဋ္ဌ ရာထူးကို ဆက်ခံသည်။ ကွယ်လွန်သူ မစ္စတာ ဝူဟောစီ၏ ဆန္ဒအရ တွန်းနန် အဆောက်အဦးကို ဝယ်ယူကာ ရှင်းကွမ်း ဝူဟောစီ အထိမ်းအမှတ် ဆေးရုံ နှင့် ရှင်းကွမ််း ဘဝ အာမခံ မိုးမျှော်တိုက်ကြီး အနေဖြင့် ပြောင်းလဲ တည်ဆောက်ခဲ့သည်။ ဥက္ကဋ္ဌသစ်၏ ထက်မြက်သောခေါင်းဆောင်မှုနှင့် အမျိုးမျိုးသော စွမ်းဆောင်မှုများကြောင့် လုပ်ငန်းစဉ်ဆက်မပြတ် ကြီးထွားတိုးတက်လာပြီး ဘဏ္ဍာရေး၊ လုံခြုံရေး၊ ကုန်ထုတ်လုပ်ရေး၊ နေ့ဓဒူဝ အသုံးအဆောင်လုပ်ငန်း စသည့် ကဏ္ဍမျိုးစုံသို့ ဝင်ရောက်လုပ်ကိုင်လာနိုင်ကာ အလွှာအသီးသီးမှ လူရည်ချွန်များကို စုစည်း၍ ပိုမိုကောင်းမွန် အဆင့်မြင့်သော လူနေမှုဘဝကို တည်ဆောက်ပေးပြီး တစ်ဖက်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ဖန်တီးပေးသည်။ တစ်ဆက်တည်းမှာပင် လူမှုဝန်းကျင်ကို ပြန်လည် အကျိုးပြုသည့် အနေဖြင့် ဆေးရုံနှင့်ကျန်းမာရေး စောင့်ရှောက်မှုပေးသည် ကုမ္ပဏီများကို တည်ထောင်ခြင်း၊ ပညာတော်သင်ဆု ချီးမြင့်ရေး ဖောင်ဒေးရှင်း၊ ပရဟိတဝန်ဆောင်မှု ဖောင်ဒေးရှင်း၊ လူမှုဝန်ထမ်းဖောင်ဒေးရှင်း တို့ကို ထူထောင်ခြင်း တို့ကြောင့် အစိုးရ နှင့် ပြည်သူတို့၏ အသိအမှတ်ပြုခြင်းခံရသည်။

ထိုင်ဝမ်စီးပွားရေး အရှိန်အဟုန်ဖြင့်တိုးတက်လာခြင်းနှင့်အတူ Shin Kong လုပ်ငန်းစုကို ၂၀၀၂ ခုနှစ်တွင် Shin Kong ဘဏ္ဍာရေး ဟိုးဒင်းကုမ္ပဏီလီမိတက် Co., Ltd. (SKFH) အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ Shin Kong ဘဏ္ဍာရေး ဟိုးဒင်းကုမ္ပဏီလီမိတက် Co., Ltd. (SKFH) လက်အောက်တွင် Shin Kong အသက်အာမခံ ကုမ္ပဏီလီမိတက် (SKL) ၊ Shin Kong Commercial Bank Co., Ltd.(SKB) ၊ Shin Kong Securities Co., Ltd. (SKSC) ၊ New Light Asset Management Co., Ltd. (NLAM) နှင့် Shin Kong Insurance Brokers Co., Ltd. (SKIB) အစရှိသောကုမ္ပဏီများပါဝင်ပြီး စုံလင်သော စီးပွားရေးလုပ်ငန်း ထုတ်ကုန်ပုံစံသစ်ဖြင့် သုံးစွဲသူများအား တစ်ကြိမ်တည်းနှင့် လိုအပ်သမျှကို ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ထားသည်။ ထို့အပြင် တရုတ်ပြည်မ ဟိုင်ဟန်ကော်ပိုရေးရှင်း နှင့် အကျိုးတူပူးပေါင်၍ Shin Kong & HNA Life Insurance ကုမ္ပဏီကို ၂၀၀၉ ခုနှစ်တွင်ထူထောင်လည်ပတ်ခြင်းဖြင့် ဘဏ္ဍာရေးစီမံခန့်ခွဲ ဝန်ဆောင်မှုကို နိုင်ငံတကာအဆင့်သို့ တက်လှမ်းမြှင့်တင်ခဲ့သည်။ အနာဂတ်ကာလတွင် Shin Kong လုပ်ငန်းစုသည် “အခြေပြု ထိုင်ဝမ်၊ မှန်းမျှော်ကမ္ဘာ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ “ပြည်သူ့ဝန်ဆောင်၊ တည်ဆောက်လူ့ဘောင်” ဟူသော ခံယူချက်ကို ဆုပ်ကိုင်ကာ “ဝန်ဆောင်မှု၌ သုံးစွဲသူ အလေးအမြတ်ပြု” ဒဿန ဖြင့် သုံးစွဲသူတို့၏ စိတ်နှလုံးတွင် အားထားယုံကြည် စိတ်ချရသော ကုမ္ပဏီ ဖြစ်စေရန် အကောင်းဆုံး ဝန်ဆောင်မှု၊ အကောင်းဆုံးအရည်အသွေး တို့နှင့် စွမ်းဆောင်ရည်မြင့်မားသော အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအဖြစ်သို့ ရောက်ရှိရန် အာရုံစိုက် ဆောင်ရွက်သွားမည် ဖြစ်သည်။

TOP