MENU
Shin Kong ဆောက်လုပ်ရေး နှင့် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်

ကုမ္ပဏီ ပရိုဖိုင်

ထိုင်ဝမ် တစ်ဝှမ်းလုံး လူနေမှု အဆင့်အတန်း တိုးတက်မြင့်မား လာစေရန် နှင့် မြို့ပြစနစ် ပိုမို ဖွံ့ဖြိုးလာစေရန် ခေတ်သစ် ဆောက်လုပ်ရေး ပစ္စည်းများနှင့် နည်းပညာ ကို အသုံးပြု၍ အရည်အသွေးမြင့် နေအိမ်၊ အဆောက်အအုံများကို တည်ဆောက်သည်။

ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

အဆင့်မြင့် လူနေတိုက်တာ၊ ရုံးခန်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ စီမံခန့်ခွဲခြင်း ။

အားသာချက်များ

ကုမ္ပဏီသည် မြေယာဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ ဒီဇိုင်းထုတ် အစီအစဉ်ဆွဲ တိုင်းတာခြင်း၊ တည်ဆောက်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း တို့ကို ဆောင်ရွက်ရာတွင် လူသား ပဓာန အခြေပြု ဆောင်ရွက်သည်။ ဖွံဖြိုးမှု ဆောင်ရွက်ရာ အဆင့်တိုင်း တိကျ ကောင်းမွန်စွာ ဆောင်ရွက်နို်င်သောကြောင့် ကုမ္ပဏီ၏ စီမံကိန်းတိုင်းသည် ပြည်သူအများ၏ ယုံကြည်မှုကို ရရှိပြီး ထင်ရှားကျော်ကြားသည်။

အနာဂတ်မျှော်မှန်းချက်များ

အနာဂတ်ကာလတွင်လည်း ရှင်းကွမ်း ဆောက်လုပ်ရေး နှင့် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် သည် ကောင်းမွန်သော အရည်အသွေးကို ဆက်လက်ထိန်းသိမ်းပြီး ဆောက်လုပ်ရေး နည်းပညာသစ်များ၊ ဒစ်ဂျစ်တယ်နည်းပညာ နှင့် သန့်ရှင်းသော စွမ်းအင်ကို အသုံးပြု၍ အများပြည်သူများအတွက် လုံခြုံ စိတ်ချမှုရှိပြီး သက်တောင့်သက်သာရှိသော နေရာထိုင်ခင်းများ ကို အဆင့်မြင့် ဆောက်လုပ်ပေးမည် ဟူသော ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မှီအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

Tel: (02)2506-3023

TOP