Legacy Art Work” tells the life stories of Taiwan’s older generations through the visual arts.
We have long supported afterschool care programs for aboriginal children in Zhudong and Jianshi townships in northwest Taiwan, helping to provide children with a stable environment in which to learn and grow.
MENU
Shin Kong ဘဝသက်သာဖောင်ဒေးရှင်း

ကုမ္ပဏီ ပရိုဖိုင်း

ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကို ဆောင်ရွက်ပြီး ဒဏ္ဍာရီသမိုင်း၊ အမျိုးသမီးကျန်းမာရေး၊ ဒေသခံ တိုင်းရင်းသား ပညာရေး စသည့် ကဏ္ဍကြီး (၃)ခု ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက် လုပ်ကိုင်သည်။

ဝန်ဆောင်မှု အကြောင်းအရာမျာ

  1. "ပါးစပ်ရာဇဝင်သမိုင်း" - ၂၀၀၄ ခုနှစ်မှ စတင်ပြီး အရင်းအမြစ်များအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ Elders Share the Arts (ESTA) မှ ထိုင်ဝမ်သို့ တရားဝင် မိတ်ဆက်ခဲ့သည်။ သက်ကြီးပိုင်းများ၏ အနုပညာဝန်ဆောင်မှုဆိုသည့် အယူအဆကို လက်ကိုင်ထားပြီး "အနုပညာအမွေဆက်ခံခြင်း" နှင့် "ပြန်လည်ရှင်သန်လာသောသမိုင်း" ဆိုသည့် အစီအစဉ်နှစ်ရပ်ကို မိတ်ဆက်ခဲ့ပြီး “အိုမင်းခြင်း” ဆိုသည့် အတွေးအခေါ်ဟောင်းကို ပယ်ဖျက်ခဲ့ပြီး သက်ကြီးရွယ်အိုများ၏ လူမှုရေးပူးပေါင်းပါဝင်မှုနှင့် အကန့်အသတ်မဲ့ဖန်တီးနိုင်စွမ်းကို အလေးပေးသည့်အနေဖြင့် “အိုမင်းရင့်ရောသူများ”မှ “ငွေရောင်ဆံပင်ဘဝပိုင်ဆိုင်သူများ” အဖြစ် ဖန်တီးခေါ်တွင်စေခဲ့သည်။
    • ထိုင်ဝမ်သက်ကြီးပိုင်းများအား မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်လာနိုင်စေရန်နှင့် လူမှုအသိုင်းအဝိုင်းနှင့် ပြန်လည်ဆက်သွယ်လာစေနိုင်ရန်အတွက် “အနုပညာအမွေဆက်ခံခြင်း” ကို အသုံးပြုပြီး ‌အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုကြား အပြန်အလှန်တုံ့ပြန်မှုများကို လုပ်ဆောင်စေသည်။
    • "ပြန်လည်ရှင်သန်စေသောသမိုင်း" ဆိုသည်မှာ ငွေရောင်ဆံပင်စီမံချက်ကို အကောင်အထည်ဖော်ရန်၊ အသက်မွေးဝမ်းကျောင်းပုံပြင်များကိုဖော်ပြရန်၊ အနုပညာကျောင်းမှ ဖျော်ဖြေမှုသင်တန်းများကို အသုံးချသည်။ ထို့အပြင် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး ကလေးသူငယ်များနှင့် မျှဝေပြီး မျိုးဆက်နှစ်ခုကြား အပြန်အလှန်ဖလှယ်ပွဲများကို ပြုလုပ်သည်။ နှစ်စဥ် ငွေရောင်ဆံပင်အဖွဲ့တို့၏ ရှင်သန်မှုကို လူထုများမှ မြင်လာစေရန် မြေးအဘွားပြဇာတ် တစ်ပုဒ်ပုဒ်ကို တင်ဆက်‌လေ့ရှိသည်။
  2. “အမျိုးသမီးကျန်းမာရေး” -အစောပိုင်း ထိုင်ဝမ်အမျိုးသမီးများသည် အရှက်အကြောက် ကြီးခြင်းကြောင့် ရင်သားကင်ဆာစစ်ဆေးမှုကို မခံယူလိုကြပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ၂၀၀၅ ခုနှစ်တွင် တရုတ်သမ္မတနိုင်ငံ ရင်သားကင်ဆာလူနာများအသင်းနှင့် ပူးပေါင်းခဲ့ပြီး လူနာများအား ရင်သားကင်ဆာ အသိပညာပေး သံအမတ်များခန့်အပ်ခဲ့ပြီး ထိုင်ဝမ်နိုင်ငံရှိ မြို့ခရိုင်ပေါင်း ၂၅ ခု ၊ ကျေးရွာပေါင်း ၃၆၉ ခု တို့တွင် မိမိတို့ဖြတ်ကျော်ခဲ့သည့် အတွေ့အကြုံများကို ဝေမျှစေခဲ့ပြီး စစ်ဆေးမှုခံယူရန် လိုအပ်သည့် အတွေးအခေါ်သစ်ရရှိစေရန် ဟောပြောပွဲများကို ကျင်းပခဲ့သည်။
  3. "ကလေးသူငယ်ပညာရေး" - “ကျောင်းနေဖက်သစ်ဆက်ဆံရေး-ဘောလ်ပင်သူငယ်ချင်း” ကို ၂၀၁၃ ခုနှစ်တွင် စတင်ပုံဖော်ခဲ့သည်။ စီမံကိန်း၏ မူလမှာ ဒေသခံတိုင်းရင်းသားကလေးများကိုသာ ဝန်ဆောင်မှုပေးရန်ဖြစ်ပြီး ၂၀၁၇ခုနှစ်တွင် “ကလေးသူငယ်ပညာရေး”အဖြစ် ပြောင်းလဲလာသည်။ ဝန်ဆောင်မှုပေးမည့် ကလေးသူငယ်များမှာ ထိုင်ဝမ်တစ်နိုင်ငံလုံးရှိ ချို့တဲ့ကလေးသူငယ်များဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းမှာ လုပ်ငန်းအသီးသီးကို ဘောလ်ပင်သူငယ်ချင်းအဖြစ် ပြောင်းလဲစေပြီး စာအုပ်အပေးအယူလုပ်ခြင်းဖြင့် ဘက်ပေါင်းစုံ ပရော်ဖက်ရှင်နယ်အသွင်အပြင် ဘောလ်ပင်မိတ်ဆွေများအဖြစ် ပြောင်းလဲစေခဲ့သည်။
  4. "ရှင်းခုန်းပျော်မြူးစေတနာ့ဝန်ထမ်းအေဂျင်စီ” သည် ထိုင်ပေမြို့၏ ပထမဦးဆုံးသော လူမှုရေးရာဗျူရိုတွင် မှတ်ပုံတင်ထားသော ကော်ပိုရေးရှင်းစေတနာ့ဝန်ထမ်းအေဂျင်စီဖြစ်သည်။ လူအင်အားမလုံလောက်မှုကို ဖြေရှင်းနိုင်ရန် နှစ်စဉ်လူမှုဖူလုံရေးအဖွဲ့အစည်းပေါင်း ၃၀ နီးပါးနှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

ဂဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၀၆ ခုနှစ် ဆဋ္ဌမကြိမ်မြောက် အမျိုးသားပရဟိတဆု
  • ၂၀၁၀ ခုနှစ် ဆယ်ကြိမ်မြောက် “ဝေရှင်းဆု” ငွေဆု
  • ၂၀၁၁ ခုနှစ် "Meet Your Hand" မြေးအဘွားဇာတ်သည် နိုင်ငံတည်ထောင်သည့် နှစ်တစ်ရာပြည့်နှစ်တွင် "မိဘများ၏ နှလုံးသားများ၊ အဘိုးအဘွားများ၏ မေတ္တာ" ထင်ဟပ်စေမှုကြောင့် အမျိုးသား ပြဇာတ်ပြိုင်ပွဲတွင် အောင်မြင်မှုသရဖူဆွတ်ခူးရရှိနိုင်ခဲ့သည်။
  • ၂၀၁၃ ခုနှစ် "ပုန်းရှောင်ကြစို့၊ ပုန်းကြမယ်ဟေ့ ကြောင်လေးများ" မြေးအဘွား ပြဇာတ်သည် "လူကြီးလူငယ်ကလေး ဂန္တဝင်အတ္ထုပ္ပတ္တိ Show" တွင် တတိယဆု ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၄ ခုနှစ်တွင် ဘက်စုံစေတနာ့ဝန်ထမ်း၀န်ဆောင်မှုအတွက် အသုံးပြုသည့်ဌာနမှ အကဲဖြတ်စွမ်းဆောင်ရည်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၄ ခုနှစ်တွင် ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေး ဘဏ္ဍာရေး အစီရင်ခံစာဆု - ရွှေဆု ၊ လူမှုရေးတွင် ရက်ရောပါဝင်မှုဆု (တက်ကြွသက်ကြီးရွယ်အိုများစီမံကိန်း) ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၅ ခုနှစ်တွင် ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေး ဘဏ္ဍာရေး အစီရင်ခံစာဆု ၊ ဖန်တီးမှုဆက်သွယ်ရေးဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၅ ခုနှစ်တွင် ကော်ပိုရေးရှင်းစေတနာ့ဝန်ထမ်း ကောင်းမွန်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေး ဘဏ္ဍာရေး အစီရင်ခံစာဆု - ပလက်တီနမ်ဆု ၊ ဘက်စုံစွမ်းဆောင်ရည်ဆု TOP50 ကော်ပိုရေးရှင်းရေရှည်တည်တံ့ရေးဆု ၊ လူမှုရေးတွင် ရက်ရောပါဝင်မှုဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် အမျိုးသား ထူးချွန်လုပ်ငန်း စေတနာ့ဝန်ထမ်းအဖွဲ့ဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ခုနှစ်တွင် ၂၁ ကြိမ်မြောက် အာမခံယုံကြည်ချက်၊ မျှော်လင့်ချက်နှင့် မေတ္တာဆုဖြစ်သော လူမှုတာဝန်သိတတ်မှုဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၈ ကြိမ်မြောက် အာမခံ ပရဟိတပြုစုစောင့်ရှောက်ရေး ထူးချွန်ဆု ငွေရောင်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် “Foresight မဂ္ဂဇင်း”၏ ၁၆ ကြိမ်မြောက်
  • CSR ကော်ပိုရေးရှင်းလူမှုတာဝန်သိတတ်မှုဆုဖြစ်သော “သက်ကြီးရွယ်အိုရင်းနှီးမှုအဖွဲ့”၏ ထူးချွန်ပရောဂျက်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ရွှေဆန္ဒဆု - ကျော်ကြားသော စေတနာ့ဝန်ထမ်း ဝန်ဆောင်မှု အသင်းအဖွဲ့ဆုကို ဆွတ်ခူးရရှိခဲ့သည်။

အားသာချက်များ

ရှင်းကွမ်း လုပ်ငန်းစု၏ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချပြီး အခြား အကျိုးအမြတ် ပဓါနမထားသော အဖွဲ့အစည်းများနှင့် ဗျူဟာမြောက် ပူးပေါင်းကာ လူမှုပတ်ဝန်းကျင်တွင် လိုအပ်လျက်ရှိသော လူမှုဝန်ထမ်း ကိစ္စရပ်များကို စနစ်တကျ အစီအစဉ်ချ လုပ်ကိုင်လျက်ရှိသည်။ ထိုပြင် စနစ်ကျသော လုပ်ဆောင်ချက် တိုင်းတာအကဲဖြတ်စနစ်ဖြင့် လူမှုပတ်ဝန်းကျင်တွင် ရင်ဆိုင်ရသော ပြဿနာရပ်များကို ကူညီဖြေရှင်းခြင်း၊ ကြိုတင်ကာကွယ်ခြင်း ဟူသော ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်တာ အဝဝကို ထိထိရောက်ရောက် ဆောင်ရွက်လျက် ရှိသည်။

အနာဂတ်မျှော်မှန်းချက်များ

ပရဟိတမူဝါဒမဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ရန် ကျွန်ုပ်တို့အနေဖြင့် ပရဟိတဝန်ဆောင်မှုအစီအစဥ်များကို ပိုမိုလေးနက်အောင် လုပ်ဆောင်လျက်ရှိသည့်အပြင် အခြားသော လုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ ဖောင်းဒေးရှင်းများနှင့် အသင်းအဖွဲ့များ အားလုံးကို တစုတစည်းတည်းပါဝင်စေပြီး ပရဟိတဝန်ဆောင်မှုများကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လျှက်ရှိသည်

Tel: (02)2389-5858 #3795-3797
ဝဘ်ဆိုက် http://www.sklf.org.tw/

ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း (02)2389-5858 #3795-3797
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် SKLF@skl.com.tw

TOP