MENU
Shin Kong ဝူဟောစီ အထိမ်းအမှတ် ဆေးရုံ

ကုမ္ပဏီ ပရိုဖိုင်

ရှင်းကွမ်းဆေးရုံကို ၁၉၉၂ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှစတင်၍ ၂၀၀၅ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ခုနှစ်တို့တွင် ဆေးဘက်ဆိုင်ရာဌာနများနှင့် သင်ကြားရေးဆေးရုံများ၏ အကဲဖြတ်မှုအပိုင်းကို အဆက်မပြတ်လုပ်ဆောင်နိုင်ခဲ့သည်။ ဤဆေးရုံသည် “လူနာများသည်သာအဓိက” ၊ “ကောင်းမွန်သောဆေးဝါးဝန်ဆောင်မှုများဖြင့် အကျိုးပြုမည်” ၊ “ထူးချွန်သောကျွမ်းကျင်ပညာရှင်များကို မွေးထုတ်မည်” ၊ “ဆန်းသစ်သောဆေးသုတေသနများဖန်တီးမည်” အစရှိသည့် ဆောင်ပုဒ်အတိုင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားသည်။ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် အရည်အသွေးမြင့်ဆေးဘက်ဆိုင်ရာ ပညာရှင်များဖြင့် ကျွမ်းကျင်သောရောဂါရှာဖွေခြင်းနှင့် ကုသမှုတို့ကို ပေးလျက်ရှိသည်။ ပိုမိုလုံခြုံသောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆရာဝန်များနှင့်လူနာများအကြားဆက်သွယ်ရေးကို မြှင့်တင်ရန်သန္နိဋ္ဌာန်ချထားသည်။ ရပ်ကွက်တွင်းရှိ ကျန်းမာရေးနှင့် ပတ်သက်သည်တို့ကို မြှင့်တင်ပေးပြီး “ကျွမ်းကျင်မှု ၊ စိတ်အားထက်သန်မှု ၊ ဝန်ဆောင်မှု” အစရှိသော ခံယူချက်တို့ဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ၏ “ကျန်းမာရေး ၊ မျှော်လင့်ချက် ၊ ပျော်ရွှင်မှု” တို့ကို မြှင်တင်ပေးမည်။

ဝန်ဆောင်မှုများ

ရှင်းကွမ်းဆေးရုံသည် နှလုံးအထူးကု၊ ရင်ဘတ်အထူးကု၊ ကျောက်ကပ်ကုသရေး၊ ကူးစက်ရောဂါကုသရေး၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါကုသရေး၊ သွေးကင်ဆာရောဂါကုသရေး၊ Endocrinology နှင့် ဆီးချိုရောဂါ ကုသရေး၊ ဓာတ်မတည့်မှု ၊ ခုခံအားနှင့် အဆစ်ရောင်ရောဂါကုသရေး၊ နှလုံးခွဲစိတ်ကုသရေး၊ ရင်ဘတ်ခွဲစိတ်ကုသရေး၊ အာရုံကြောခွဲစိတ်ကုသရေး၊ ပလပ်စတစ်ခွဲစိတ်ကုသရေး၊ ဆီးလမ်းကြောင်း‌‌ရောဂါကုသရေး၊ အထွေထွေရောဂါကုသ‌‌‌ရေး၊ အူမကြီးနှင့် စအိုရောဂါကုသရေး၊ ပြင်ပဒဏ်ရာကုသရေး၊ အာရုံကြောဆိုင်ရာကုသရေး၊ မျက်စိကုသရေး၊ အရိုးဆိုင်ရာကုသရေး၊ ပြန်လည်ထူထောင်ရေးကုသရေး၊ သွားဖွားမီးယပ်ရောဂါကုသရေး၊ ကလေးအထူးကု၊ အရေပြားအထူးကု၊ ဦနှောက်နှင့်အာရုံကြောအထူးကု၊ မေ့ဆေးအထူးကု၊ နား ၊ နှာခေါင်း ၊ လည်ချောင်းအထူးကု၊ သွေးကြောကုသရေး၊ မိသားစုဆေးပညာ၊ လုပ်ငန်းခွင်ဆေးပညာ၊ အထွေထွေဆေးပညာ၊ အရေးပေါ်ဆေးပညာ၊ နျူကလီးယားဆေးပညာ၊ ဓာတ်မှန်ပညာဌာန၊ အကြိတ်ကုသရေး၊ ရောဂါဗေဒဓာတ်ခွဲခန်း၊ တရုတ်ရိုးရာဆေးပညာ၊ သွားကုသရေး၊ သွားအတုကုသရေး၊ သွားဖုံးကုသရေး၊ သွားနှင့် ခံတွင်းကုသရေး၊ ခံတွင်း ၊ မျက်နှာနှင့် မေးရိုးကုသရေး သွားနှင့် ခံတွင်းခွဲစိတ်ကုထုံး၊ ပြန်လည်ပြုပြင်ထားသော အလှအပဆိုင်ရာသွားကုထုံး အစရှိသော ကုသရေး ဝန်ဆောင်မှု ၄၄ မျိုးတို့ကို ဝန်ဆောင်ပေးလျက်ရှိပါတယ်။ ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် စိန့်ရှန်အဆောက်အဦးကို ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး သွားဘက်ဆိုင်ရာဌာန၊ ကျောက်ကပ်ဆေးကြောစင်တာ၊ ပြန်လည်ထူထောင်ရေးဌာန၊ မျက်စိအထူးကုဌာနနှင့် တရုတ်ဆေးပညာဌာနတစ်ခုတို့ကိုလည်း တည်ဆောက်ခဲ့သည်။ ဤဆေးရုံသည် နိုင်ငံတကာဆေးဝါးဝန်ဆောင်မှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပလောကျွန်းစု၏ အမျိုးသားဆေးရုံနှင့် ညီနောင်ဆေးရုံသဘောတူညီချက်လက်မှတ်ကို ရေးထိုးခဲ့သည်။ ပလောကျွန်းစုတွင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအမျိုးမျိုးတွင် ပါဝင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဆေးဝါးဝန်ဆောင်မှုစင်တာကို တည်ထောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် “ပလောကျွန်းစု ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအဖွဲ့” ကို တရားဝင်ဖွဲ့စည်းခဲ့သည်။ ဤဆေးရုံသည် ၂၀၁၉ ခုနှစ်တွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ တစ်နိုင်ငံ တစ်စင်တာ မြန်မာနိုင်ငံစီမံကိန်းကို ဆက်လက်တာဝန်ယူခဲ့ပြီး “Shin Kong ဆေးရုံ နှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာဆေးဝါကော်ပိုရေးရှင်းပရိုမိုးရှင်းအဖွဲ့” ကို တည်ထောင်ခဲ့ပြီး လက်မှတ်ရေးထိုးခဲ့သည်။ ဆေးရုံများစွာနှင့် “ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ” ကို ရေးထိုးခဲ့ပြီး ဆေးဝါးနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအပြင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို တက်ကြွစွာပါဝင်ခဲ့သည်။

ဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၂၀ ခုနှစ်တွင် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု တိုးတက်ရေး အဖွဲ့အစည်းမှ “အပြည်ပြည်ဆိုင်ရာဆေးဝါးစံနမူနာဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် THE IMTJ MEDICAL TRAVEL AWARD Winners မှ ချီးမြှင့်သော “Highly Commended- Excellence in Customer Service" ဖြစ်သော အကောင်းဆုံးနိုင်ငံတကာ လူနာဝန်ဆောင်မှုဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးဆု ၆ ခု ကို ဆွတ်ခူးရရှိခဲ့သည်။ ၎င်းတို့မှာ “ထိုင်ဝမ်ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးဆု”၊ “ထိုင်ဝမ်ကော်ပိုရေးရှင်းအစီရင်ခံစာဆု” နှင့် “ဆေးရုံ HSR ရေရှည်တည်တံ့ရေးပရိုဂရမ်ဆု” ၄ ဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် “SNQ အမျိုးသားအရည်အသွေးအမှတ်တံဆိပ်ဆု” ၄ ဆု နှင့် “အမျိုးသားဆေးဝါးအရည်အသွေးဆု” ၉ ဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် စူးစမ်းစစ်ဆေး‌ရေးဌာနမှ “အမျိုးသားကူးစက်ရောဂါ ကာကွယ်ရေးဆုတံဆိပ်ကို ရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် “ထိုင်ပေမြို့လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုရရှိရေး အသိအမှတ်ပြုထောက်ခံချက်” ကို ရရှိခဲ့သည်။
  • ၂၀၂၀၊ ၂၀၁၉ နှင့် ၂၀၁၈ ခုနှစ်တို့တွင် "ဆေးဝါးဆိုင်ရာ ပေါလစီချမှတ်ရေးအဖွဲ့အစည်း၏ ရောဂါအရည်အသွေးအသိမ်အမှတ်ပြုထောက်ခံချက်" ၇ ခုကို ရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ဥက္ကဋ္ဌ ဝူတုန်းကျင့်သည် တရုတ်-ဂျပန်ဆေးကုသမှုအပိုင်းကို မြှင့်တင်ခဲ့ပြီး ဂျပန်ဧကရာဇ်မှ ချီးမြှင့်သော "တောက်ပသောနေမင်းဆုတံဆိပ်" ကို ရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ဥက္ကဋ္ဌ ဝူတုန်းကျင့်သည်
  • ပလောကျွန်းစု၏ ဆေးဝါးဝန်ဆောင်မှုများကို ရေရှည်ထောက်ပံ့ခဲ့ပြီး ပလောကျွန်းစု၏ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ချီးမြှင့်ခံခဲ့ရသည်။
  • ၂၀၁၉ ခုနှစ်တွင် တွင် “SNQ အမျိုးသားအရည်အသွေး အမှတ်တံဆိပ်ဆု” ၄ ဆု ၊ “အမျိုးသားဆေးဝါး အရည်အသွေးဆု” ၆ ဆု တို့ကို ဆွတ်ခူးခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် တွင် “SNQ အမျိုးသားအရည်အသွေး အမှတ်တံဆိပ်ဆု” ၆ ဆု ၊ “အမျိုးသားဆေးဝါး အရည်အသွေးဆု” ၃ ဆု တို့ကို ဆွတ်ခူးခဲ့သည်။
  • ၂၀၁၈ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင်စီးပွားရေး ၀ န်ကြီးဌာနမှ "စွမ်းအင်ချွေတာခြင်းစံနှုန်းသတ်မှတ်ချက်" ကိုရရှိခဲ့သည်
  • ၂၀၁၈ ၊ ၂၀၁၆ ခုနှစ်တို့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ “သံတမန်ရေးရာ ချစ်ကြည်ရင်းနှီးမှုဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အမျိုးသားကျန်းမာရေးစီမံခန့်ခွဲမှုဌာန မှ "ကျန်းမာသောလုပ်ငန်းခွင် အသိအမှတ်ပြုလက်မှတ်နှင့် ကျန်းမာရေးမြှင့်တင်ရေးအမှတ်ဆံဆိပ်ဆု" ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ထိုင်ပေမြို့တော်စည်ပင်သာရေးဌာန၏ “ထိုင်ပေမြို့စီးပွားရေးလုပ်ငန်းမှ မသန်စွမ်းသူများအတွက် အသုံးချခဲ့သော ဘဏ္ဍာရေးအတွက် အသိအမှတ်ပြုခြင်း” ဖြစ်သောအကောင်းဆုံး လူသစ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။

အားသာချက်များ

ပိုမိုပြင်းထန်သော ဆေးဘက်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် ကူးစက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော ရှင်းကွမ်းဆေးရုံသည် ရှင်ကွမ်းစီးပွားရေးလုပ်ငန်းကို တည်ထောင်ခဲ့သော မစ္စတာ ဝူဟိုစီး၏ "လက်ရှိအခြေအနေကို ထိန်းသိမ်းထားပါက ခေတ်နောက်ကျသွားမှာဖြစ်ပြီး အဆက်မပြတ်သုတေသနတွေကို လုပ်ဆောင်နေမှသာ တိုးတက်မှုတွေကို ပိုင်ဆိုင်နေမှာဖြစ်တယ်” ယုံကြည်ချက်အရ ဆေးရုံ၏ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ကြိုးစားလျက်ရှိကြပြီး ပြီးပြည့်စုံသော ဆေးကုသရေးဝန်ဆောင်မှုများဖြင့် အများပြည်သူအပေါ် ကျေးဇူးတုံ့ပြန်ပေးလျက်ရှိသည်။ ဆေးရုံ၏ လူမှုဖူလုံရေးဝတ္တရားများကိုလည်း မေ့လျော့သွားမည်မဟုတ်ဘဲ နယ်စွန်နယ်ဖျားဒေသများ၊ အရင်းအမြစ်မလုံလောက်သောနေရာများ၏ ဆေးရုံဆေးခန်းများ၏ စံနှုန်းကို မြှင့်တင်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် အမျိုးသားကျန်းမာရေးအရင်းအမြစ်တိုးတက်ရေးလမ်းစဥ်တွင် တက်တက်ကြွကြွပါဝင်သွားမည်ဖြစ်ပြီး ရှင်းကွမ်းဆေးရုံကိုလည်း အများပြည်သူများ စိတ်ချယုံကြည်ရသော ဆေးရုံတစ်ရုံဖြစ်လာစေရန် ကြိုးစားသွားမည်ဖြစ်သည်။

အနာဂတ်မျှော်မှန်းချက်များ

      ဝန်ဆောင်မှုများ
    1. လူနာဘေးကင်းလုံခြုံရေးနှင့် ဖော်ရွေသော ဆေးဝါးကုသရေး ပတ်ဝန်းကျင်ဖန်ကိုတီးပေးခြင်းဆိုင်ရာ အခွင့်အရေးများ
    2. အများပြည်သူ၏ ကျန်းမာရေးစီမံခန့်ခွဲမှုများကို မြှင့်တင်ရန်နှင့် ဆေးရုံကြားအပြန်အလှန် စောင့်ရှောက်မှုကို မြှင့်တင်နိုင်ရန် အမျိုးသားဆေးမူဝါဒများကို ပူပေါင်းဆောင်ရွက်လျက်ရှိသည်။
    3. အရင်းအမြစ်များကို ပေါင်းစည်းပြီး ၀န်ဆောင်မှု အဆင့်များကို မြှင့်တင်လျက်ရှိသည်။ တယ်လီဆေးဝါးကုသရေးများကို မြှင့်တင်ပြီး ဆေးဝါးဝန်ဆောင်မှုများကို နိုင်ငံတကာအဆင့်မီ မြှင့်တင်ပေးလျက်ရှိသည်။
      သင်ကြားမှု
    1. ဘက်စုံစောင့်ရှောက်မှုပန်းတိုင်နှင့်အတူ ၀န်ထမ်းများ၏ လုပ်ငန်းခွင်ပညာရေးကို မြှင့်တင်ပေးသည်။
    2. သင်ကြားမှုအရည်အသွေးကို မြှင့်တင်ပြီး၊ ဘက်စုံဆရာ ၀န်များစွာကို ပြုစုပျိုးထောင်ပေးလျက်ရှိသည့်အတွက် နိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေး ၀န်ထမ်းများ၏ ဦး စားပေး ရွေးချယ်သော သင်ကြားရေးဆေးရုံတစ်ရုံ ဖြစ်လာသည်။
    3. ဆန်းသစ်သော သင်ကြားရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအပိုင်းတို့တွင်လည်း မြှင့်တင်ပေးလျက်ရှိသည်။
      သုတေသန
    1. ထူးချွန်ထက်မြက်သော အရည်အချင်းရှိသူများကို စုဆောင်းလျက်ရှိပြီး သုတေသနကိရိယာများကို မြှင့်တင်လျက်ရှိသည်။ ထို့အပြင် စာတမ်းများ၏ အရည်အသွေးကိုပိုမို တိုးတက်လာရန်ကြိုးပမ်းလျက်ရှိသည်။
    2. ပညာရေးနှင့် စက်မှုလုပ်ငန်းများကို ပေါင်းစပ်ပြီး စမတ်ကျန်းမာရေး အရင်းအမြစ်နှင့် ကျန်းမာရေးနည်းပညာကို မြှင့်တင်လျက်ရှိသည်။

Tel: (02)2833-2211
ဝဘ်ဆိုက် https://www.skh.org.tw/skh/index.html

ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း (02)2833-2211
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် G000@MS.SKH.ORG.TW

TOP