MENU
မဟာတိုင်ပေ ဓာတ်ငွွေ့ ကော်ပိုရေးရှင်း

ပရိုဖို်င်

မဟာ တိုင်ပေ ဓာတ်ငွွေ့ ကော်ပိုရေးရှင်း သည် တိုင်ပေမြို့တော် ရှိ ဆုန်းစမ်း၊ ရှင့်ယိ၊ တာ့အမ်း၊ တာ့ထုံ၊ ဝမ့်ဟွာ၊ ကျုံးကျိမ့်၊ ကျုံးစမ်း စသည့် မြို့နယ်များ နှင့် စစ်လင် ခရိုင် ဖူဟွာ၊ မင်စိမ့် မြို့နယ် နေ ပြည်သူ ၃၈၂ ၀၀၀ အတွက် သဘာဝဓါတ်ငွေ့ ကို ဖြန့်ဖြူးပေးလျက်ရှိသည်။ သဘာဝ ဓါတ်ငွေ့ ဖြန့်ဖြူးခြင်း နှင့်အတူ ဓါတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းခြင်း ၊ ပြုပြင်ထိန်းသိမ်းခြင်း တို့ကိုလည်း ဆောင်ရွက်ပြီး ဓါတ်ငွေ့ ပိုက်လိုင်း အတွင်းတွင် အတန်းအစား (၁) ဆက်သွယ်ရေး ဖိုင်ဘာများကို တစ်ပါတည်း မြှုပ်နှံတပ်ဆင်ကာ ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများ

သဘာဝ ဓါတ်ငွွေ့ နှင့် Category 1 telecommunications services (အတန်းအစား(၁) ဆက်သွယ်ရေး ဝန်ဆောင်မှု)

ဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၂၀ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) လုပ်ငန်းစုမှ ချီးမြှင့်သော “၂၀၂၀ TCSA ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးအစီရင်ခံစာဆု” ဖြစ်သော စွမ်းအင်လုပ်ငန်းအသင်းအဖွဲ့ကြေးဆု ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၂၀၀၃ခုနှစ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုစနစ်အတွက် အပြည်ပြည်ဆိုင်ရာ OHSAS 18001 အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့ပြီး ၂၀၁၀ခုနှစ်တွင် TOSHMS နှစ်ခါအသိအမှတ်ပြုလက်မှတ်ကို ၂၀၁၉ခုနှစ်အထိ ဆက်လက်ရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) လုပ်ငန်းစုမှ ချီးမြှင့်သော “၂၀၁၉ TCSA ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးအစီရင်ခံစာဆု” ဖြစ်သော စွမ်းအင်လုပ်ငန်းအသင်းအဖွဲ့ငွေဆု ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) လုပ်ငန်းစုမှ ချီးမြှင့်သော “၂၀၁၈ TCSA ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးအစီရင်ခံစာဆု” ဖြစ်သော ကော်ပို‌ရေးရှင်းရေရှည်တိုးတက်ရေးအစီရင်ခံစာအမျိုးအစား - စွမ်းအင်လုပ်ငန်းအသင်းအဖွဲ့ကြေးဆု ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးမြှင့်တင်ရေးအတွက် ဌာနထူးချွန်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် ၂၀၁၃ ခုနှစ် "ISO 9001 အရည်အသွေးစီမံခန့်ခွဲမှု အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထိ ဆက်လက်ရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) လုပ်ငန်းစုမှ ချီးမြှင့်သော “၂၀၁၇ TCSA ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးအစီရင်ခံစာဆု” ဖြစ်သော စွမ်းအင်လုပ်ငန်းအသင်းအဖွဲ့ကြေးဆု ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ၂၀၁၅ ခုနှစ်မှစတင်၍ ISO 50001: 2011 စွမ်းအင်စီမံခန့်ခွဲမှုစနစ် အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပြီး ယခုနှစ်တွင် အသိအမှတ်ပြုမှတ်ပုံတင်ခြင်းကို ဆက်လက်ရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) လုပ်ငန်းစုမှ ချီးမြှင့်သော “၂၀၁၆ TCSA ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးအစီရင်ခံစာဆု” ဖြစ်သော စွမ်းအင်လုပ်ငန်းအသင်းအဖွဲ့ငွေဆု ကို ဆွတ်ခူးရရှိခဲ့သည်။

အားသာချက်များ

သုံးစွဲသူ ဖောက်သည်များ ပိုမို လုံခြုံပြီး အဆင်ပြေချောမွေ့စေရေးအတွက် ကုမ္ပဏီ အနေဖြင့် ဥရောပ၊ အမေရိက၊ ဂျပန် စသည့် နိုင်ငံများမှ အဆင့်မြင့် နည်းပညာသစ်များကို အသုံးပြု၍ အချက်အလက်ရယူခြင်း နှင့် အလိုအလျောက် စောင့်ကြည့်ထိန်းချုပ်ရေး စနစ် (SCADA) ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြေငလျင် သတိပေး စနစ် (၃၃) ခုကိုလည်း တပ်ဆင်ထားပြီး အရေးပေါ် အခြေအနေပေါ်ပေါက်လာပါက အလိုအလျှောက် ဓါတ်ငွေ့ ဖြတ်တောက်ခြင်း နှင့် အဝေးမှ ထိန်းချုပ်ခြင်း တို့ကို ပြုလုပ်နို်င်သည်။ ထိုသို့ အဆင့်မြင့်နည်းပညာ ကို အသုံးပြုထားသောကြောင့် ထူးခြားဖြစ်စဉ်ပေါ်ပေါက်လာပါက အထိရောက်ဆုံးနှင့် အလျင်မြန်ဆုံး တုန့်ပြန်ဆောင်ရွက်နိုင်ပါသည်။ ထို့အတူ ဓါတ်ငွေ့ပိုက်လိုင်းအတွင်း လိုင်စင်ရ အတန်းအစား(၁) ဆက်သွယ်ရေး ဖိုင်ဘာလိုင်း ထည့်သွင်း တည်ဆောက်ရာတွင် ဂျာမာန်နည်းပညာကို အသုံးပြုထားသောကြောင့် ပိုမိုကျယ်ပြန့်သော ဝန်ဆောင်မှု ကိုပေးစွမ်းနို်င်သည်။

အနာဂတ်မျှော်မှန်းချက်များ

အနာဂတ် ကာလတွင် တိုင်ပေဓါတ်ငွေ့ ကုမ္ပဏီ ၏ ဝန်ဆောင်မှု များကို ပိုမိုတိုးချဲ့ဆောင်ရွက်မည် ဖြစ်ပြီး မြို့တော်တိုင်ပေ နေ ပြည်သူများအား ဘေးအန္တရာယ် ကင်းရှင်းသော၊ ကုန်ကျစရိတ်သက်သာသော ထိပ်တန်းအဆင့် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။

Tel: + 886 2 2768-4999
ဝဘ်ဆိုက် https://www.taipeigas.com.tw/
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း 0800-005-134
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် https://www.taipeigas.com.tw/Contact/

TOP