//

Shin Kongအာမခံနှင့်ဘဏ်လုပ်ငန်းတစ်ပြိုင်နက်မြန်မာပြည်ထဲသို့ဝင်မည်။

မြန်မာနိုင်ငံ၏အနာဂတ်စျေးကွက်ကိုအကောင်းမြင်၍ Shin Kongဘဏ္ဍာရေးဘဏ်လုပ်ငန်းနှင့် Shin Kong အသက်အာမခံ ဟာတစ်ပြိုင်နက်မြန်မာပြည်ထဲတွင်ကိုယ်စားပြုရုံးကိုဖွင့်လှစ်ခဲ့သည်။Shin Kongဘဏ္ဍာရေးဒါရိုက်တာ Wu, Don Jin နှင့်Shin Kong အသက်အာမခံဒုတိယအထွေထွေမန်နေဂျာ Wu, Cynthia သမီးအဖနှစ်ယောက်တစ်ပြိုင်တည်း Shin Kongမြန်မာပြည်ထဲဝင်ရောက်ရန် အလေးထားပုံ ထပ်မံပြသ၍ShinKongလုုံံခြုံရေးလုပ်ငန်း(security)လည်းဒေသအတွင်း ရှိလုပ်ငန်းနှင့်စီမံပေါင်းစပ်လိုက်သည်။ShinKongဆေးရုံကဒေသတွင်းရှိဆေးရုံနှင့်နှီးနှောဖလှယ်ခြင်း တို့ဖြင့် ShinKongကတစ်ဖွဲ့လုံး၏အားမာန်ဖြင့်ထိုင်ဝမ်နိုင်ငံမှမြန်မာစျေးကွက်တွင်းဝင်ရောက်သော ပထမ ဆုံးသော စီးပွားရေးလုပ်ငန်းဖြစ်ကြောင်းပြသလိုက်သည်။ 「ဘဏ္ဍာရေးဝန်ဆောင်မှုကကိန်းဂဏန်းသာမဟုတ်ပါဘူး၊စိတ်ကူးနှင့်မျှော်လင့်ချက်ဖော်ဆောင်ရန်ပိုအရေးကြီးပါတယ်။」,Wu, Don Jin ကမြန်မာနိုင်ငံအစိုးရ၏အားပေးမှုကအားမခံကုမ္မဏီ၏ခိုင်မာသော အခြေခံကိုဆောက်တည်ရာတွင်ကျွန်တော်တို့မြန်မာလူမျိုးများကိုနှစ်ငါးဆယ်ကျော်ရှိအားမခံအတွေအကြုံများကိုဝေငှလိုတယ်။မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစျေးကွက်ကိုရှေ့လှမ်းတိုးတက်ရန်အတူတွန်းအားပေးကြမည်။Shin Kongဘဏ်ဒါရိုက်ဒါLi Zeng chang က Shin Kong၏တည်ငြိမ်လက်တွေ့ကျ သောလည်ပတ်ပုံနည်းစနစ်ဖြင့်မကြာသောအနာဂတ်ကာတွင်ကိုယ်စားပြုရုံးမှဘဏ်ခွဲအဖြစ်သို့တိုးမြှင့်ပြီးပိုမိုလေးနက်ကျယ်ပြန့်သောငွေကြေးဆိုင်ရာဝန်ဆောင်မှုပေးနိုင်မည်ဟုမျှော်လင့်ပါကြောင်းပြောဆိုခဲ့သည်။ Shin Kongအဖွဲ့အစည်း၏အားအင်ကိုစုပေါင်းပြီးမြန်မာ့စျေးကွက်ကိုဖွင့်လှစ်ရန် Wu, Don Jin ကိုယ်တိုင်ခေါင်းဆောင်၍မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည်။ Shin Kongဆေးရုံအုပ်Hou, Sheng Mouနှင့်အထူးကုဆရာဝန်နှစ်ဦးအတူပါဝင်ပြီးရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့နှီးနှောဖလှယ်မည့်အခွင့်အလမ်းရှာဖွေခဲ့သည်။ဒီအပြုအမူကShinKongရဲ့ပုံရိပ်နှင့်နိုင်ငံတကာအနေအထားရပ်တည်မှုတို့ကိုမြှင့်တင်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။အာရှတွင်လူသိများအောင်စွမ်းဆောင်ပြီးနိုင်ငံခြားရောက်ထိုင်ဝမ်စီးပွားရေးသမားများကိုလည်းပိုပြီးကောင်းမွန်သေချာစွာဝန်ဆောင်မှုပေးနိုင်မည်။နိုင်ငံတကာလုပ်ငန်းလည်ပတ်ပုံဗျူဟာသို့မျှော်ကြည့်လိုက်ပါသည်။ ကိုယ်စားပြုရုံးခွဲညစားစားပွဲတွင်Wu, Don Jin အပြင် Shin Kongဘဏ္ဍာရေးဒုဥက္ကထ Hsu, Victor ၊Li Zeng chang, ၊ Shin Kong အသက်အာမခံအထွေထွေမန်နေဂျာMr. Jason H.C. Tsai၊ Wu, Cynthia အပါအဝင်Shin Kongဘဏ္ဍာရေးမှအကြီးတန်းရာထူးဝင်များပါဝင်တက်ရောက်ခဲ့သည်။ဒေသအတွင်းရှိအရာရှိများ၊ဘဏ္ဍာရေးနှင့်ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင်များကိုလညး်အတူဖိတ်ခေါ်ခဲ့သည်။မြန်မာနိုင်ငံဘဏ္ဍာရေးဒုတိယဝန်ကြီးဦးမောင်မောင်သိန်း ၊မြန်မာဗဟိုဘဏ်ဒုတ်ယဦးစီးမူးဦးဝင်းတော် နှင့်ဘဏ်အစည်းအရုံးဥက္ကဌ ဦးသိန်းထိန်းတို့ကိုလညး်အမှာစကားပြောကြားရန်ဖိတ်ခေါ်ခဲ့သည်။ Shin Kongအဖွဲ့အစည်းမြန်မာ့စျေးကွက်ထဲပါဝင်လာသည်ကိုကြိုဆိုခဲ့သည်။၂၀၁၄ခုနှစ်နိုုဝင်ဘာလတွင် Shin Kongကဘဏ္ဍာရေးကြီးကြပ်ရုံးတွင် မြန်မာနိုင်ငံတွင်ကိုယ်စားပြုရုံးဖွင့်ရန်လျှောက်ထားခဲ့ပြီးယခုနှစ် မေလ၁၃ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြုတ်နှံမှုနှင့်ကုမ္မဏီများညွှန်ကြားရေးရုံး၏ခွင့်ပြုချက်ကိုရရှိခဲ့သည်။။ မြန်မာနိုင်ငံတွင်ရုံးဖွင့်ခွင့်ရသောပထမဆုံးသော ထိုင်ဝမ်အာမခံကုမ္မဏီဖြစ်ခွင့်ရခဲ့သည်။Shin Kongဘဏ်ရန်ကုန်ကိုယ်စားပြုရုံးကိုဒီနှစ်ဇူလိုုင်လ ၃ဝရက်နေ့တွင်ဖွင့်လှစ််ရန်ခွင့်ပြုချက်ရခဲ့သည်။ဒီနှစ်တတိယအကြိမ်မြောက်ကိုယ်စားပြုရုံးဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ShinKongဘဏ်ကအရှေ့တောင်အာရအတွင်းတွင်ဗီယက်နန်နိုင်ငံဟိုချီမင်းမြို့အပြင်နေရာနောက်ထပ်တစ်ခုတိုးလာခြင်းဖြစ်သည်။ဟောင်ကောင်ဒေသနှင့်ဗီယက်နန်နောက်အရေးကြီးသောနေရာတစ်ခုဖြစ်လာသည်။ (Business Times)