//

အလင်းနှင့်အတူ အမှောင်ထုကိုကျော်ဖြတ်မည်
2016 Shin Kong ပရဟိတပြေးပွဲ လူပေါင်းခြောက်ထောင်နှင့်အတူ“အလင်းနှင့် အတူအမှောင်ထုကိုကျော်ဖြတ်မည်“

Shin Kongအသက်အာမခံပရဟိတဖောင်ဒေးရှင်းနှင့်Shin Kongအသက်အာမခံမှပထမဆုံးနိုင်ငံ ံခြားတွင် တစ်မြို့မှတစ်မြို့သို့ဖြတ်သန်းရသော အမည်ကြီးညပြေးပွဲ“Run In The Dark”ကို စတင်မိတ်ဆက်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ည ၇ နာရီအချိန်တွင်ထိုင်ပေမြို့ရှိ တားဂျာမြစ်ကမ်းဥယျာဉ်တွင်“အလင်းနှင့်အတူ အမှောင်ထုကိုကျေ ဖြတ်မည်” Shin Kong ပရဟိတပြေးပွဲကိုကျင်းပပေးခဲ့ပါသည်။ထိုင်ပေအားယခုနှစ်တွင်လန်ဒန်၊မန်ချက်စတာ၊ဒပ်ပလင်အစရှိမြို့ကြီးတွေထက်ရှေ့ပြေးကျင်းပလိုက်သောမြို့ဖြစ်စေခဲ့သည်။Shin Kong Financial Holding ဥက္ကဌ Hsu, Victor ၊Shin Kong အသက်အာမခံအထွေထွေမန်နေဂျာTsai, Jason ၊Shin Kong ဆေးရုံအုပ်Hou, ShengMao၊ ShinKongအသက်အာမခံပရဟိတဖောင်ဒေးရှင်းအမှုဆောင်ဒါရိုက်ဒါ Wu, Cynthia ၊Shin Kong စီးပွားရေးဘဏ်အထွေထွေမန်နေဂျာ Hsieh, Charles ၊Shin Kong လုံခြုံရေးဒုတိယအထွေထွေမန်နေဂျာ Xu, Zhen Yan ၊Shin Kong ရင်းနှီးမြုတ်နှံမှုမှ Shou, Yi Xiangဒုမန်နေဂျာ၊ကျောရိုးထိခိုက်သူများဖောင်ဒေးရှင်းမှ ဒါရိုက်ဒါ Lin, Jin Xing၊ထိုင်ဝမ်အမြင် အာရုံမျှော်လင့်ခြင်းဖောင်ဒေးရှင်းမှ Gan, Zhong Wei၊မျက်မမြင်ဘေ့ဘောနိုင်ငံလက်ရွေးစင်Lai, Zhi Jie၊ HBL၏ နောက်တန်း ဘတ်စကက်ဘောသမားဟောင်း Li, Cheng Zhe၊အဂင်္လန်ထိုင်ဝမ ်အလုပ်အမှုဆောင်မန်နေဂျာ Tao, Dai Mingမှကိုယ်စားပြုပါဝင်ပြီးထိုင်ပေမြို့နှင့်နယူးထိုင်ပေပညာ ရေးရုံးမှကိုယ်စားလှယ်တို့သေနတ်ပစ်ဖွင့်ပြီးစတင်ပြေးသည်ကြရာလူပေါင်း၆ဝဝဝကျော်အတူတက ွအလင်း၏စွမ်းအင်ဖြင့်ShinKongနှင့်အတူထိုင်ပေမြို့၏ကောင်ကင်ကိုထွန်းလင်းစေခဲ့သည်။
ဒီတစ်ကြိမ်ပြေးပွဲတွင်ပါဝင်ဆင်နွဲရန်ဝင်ကြေးကောက်ခံရငွေအားလုံးကိုလူထုအကျိုးစီပွားအတွက်သုံးရန်လှူဒါန်းလိုက်သည်။ထိုနေ့တွင် Shin Kong အသက်အာမခံအထွေထွေမန်နေဂျာMr. Jason H.C. Tsai နှင့် Shin Kong အသက်အာမခံပရဟိတဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ တို့မှ Wu, Cynthia ကကိုယ်စားပြုလှူဒါန်းသွားသည်။ ကျောရိုးထိခိုက်သူများ ဖောင်ဒေးရှင်းမှ ဒါရိုက်ဒါ Lin, Jin Xing၊ထိုင်ဝမ်အမြင်အာရုံမျော်လင့်ခြင်းဖောင်ဒေးရှင်းမှ Gan, Zhong တို့မှလက်ခံရယူ သွားသည်။ဒါ့ပြင်ဝင်ကြေးတစ်ချို့ကိုလည်းAEDဝယ်ယူပြီးတိုင်ပေနှင့်နယူးထိုင်ပေပညာရေးဌာနသို့လှူဒါန်းလိုက်သည်။ Shin Kongနှင့်ဆက်နွယ်သောစီးပွားရေးလုပ်ငန်းများမှ 2013နှစ်မှ စ၍ယနေ့ထိတိုင်တစ်နိုင်ငံလုံးတွင်AEDအလုံးပေါင်း244လုံးလှူဒါန်းပြီးဖြစ်သည်။ဤနည်းဖြင့်ShinKong၏လူ့အဖွဲ့အစည်းအပေါ်စောင့်ရှောက်ခြင်းအားနေရာအနှံ့သို့ပျံ့နှံ့စေသည်။
“Run In The Dark”ကမသန့်စွမ်းသူတစ်ဦးဖြစ်တဲ့ Mark Pollockမှစတင်ခြင်းဖြစ်သည်။ မြို့တွင်းအုပ်စုလိုက်ပြေးခြင်းနည်းဖြင့် ကျောရိုးဒဏ်ရာရသူများအတွက် စျေးကုသမှုဆိုင်ရာအရင်း အမြစ်ကိုစုစည်းပေးခြင်းဖြစ်သည်။Shin Kongအသက်အာမခံပရဟိတဖောင်ဒေးရှင် ဒါရိုက်ဒါWu, Cynthia မှအမှာစကားပြောကြားရာတွင်“ကျွန်မ နဲ့ Mark သိကြတာကြာပါပြီ။ ကမ္ဘာလုံးဆိုင်ရာစီပွားရေးဆွေးနွေးပွဲရဲ့လူငယ်ခေါင်းဆောင်များ (World Economic Forum’s Young GlobalLeaders)အဖွဲ့ဝင်အချင်းချင်းလည်းဖြစ်တယ်။ကျွန်မMarkရဲ့အကောင်းဘက်မြင်တဲ့ စိတ်ဓါတ်အားမာန်ကိုအရမ်းလေးစားတယ်။ပြီးတော့ဖောင်ဒေးရှင်းကနည်းဗျူဟာသုံးပရဟိတ နည်းနဲ့ဘက်ပေါင်းစုံမှပရဟိတကိစ္စရပ်များကိုအာရုံစိုက်ထားတယ်။ဒါကြောင့်ဒီနှစ် ဇန်နဝါရီလ(Davos) မှာကမ္ဘာ့စီးပွားရေးနျစ်ပတ်လည်အစည်းအဝေးတက်ရောက်တဲ့အချိန် Mark ကို ထိုင်ပေမြို့ အား Run In The Darkရဲ့ပထမဆုံးစခန်းအဖြစ်ကျင်းပရန်အထူးဖိတ်ခေါ်လိုက်ပါတယ်။ နိုင်ငံ သားများ မျက်မမြင်နှင့်ကျောရိုးဒဏ်ရာရရှိသည့် အားနည်းချက်ရှိသောလူအုပ်စုအပေါ်အလေးပေး ဂရုဏာထားစိတ်နိုးကြားစေရန်ဖြစ်တယ်။ ဒီနှစ်ဒီဇင်ဘာလလယ်ပိုင်းမှာMarkကအင်္ဂလန်ကနေထိုင်ဝမ် ်သို့တစ်ကူးတက်လာပြီးShinKongရဲ့ပြေးပွဲအတွက်ကြိုတင်ပြင်ဆင်မှုလုပ်တယ်၊ကြော်ငြာပေးတယ်။ဘဝဖြစ်ရပ်ပုံပြင်ကိုမျှဝေရုံသာမကလူထုကိုပြဿနာရပ်များကိုသတ္တိရှိရှိစိန်ခေါ်ရဲအောင်အားပေးခဲ့တယ်။ ပြေးပွဲနေ့တွင်ပြသရန်အတွက််ဗီဒီယိုဇတ်ကားတစ်ပိုင်းကိုအထူးရိုက်ယူခဲ့တယ်။ Mark ကပြောတယ်“ဒီပြေးပွဲရဲ့တာဝန်က ကမ္ဘာကြီးရှိနိုင်ငံအားလုံးကိုချိတ်ဆက််ထားလိုက်ဖို့ပါ။Shin Kongရဲ့ဒီလှုပ်ရှားမှုကလူပေါင်း၆ဝဝဝကျော်ကိုကျွန်တော်တို့အတွက်စုစည်းပေးလိုက်ကြောင်းသိရတာအရမ်းဝမ်းသာပါတယ်။ShinKongရဲ့စုစည်းမှုကြောင့်ထိုင်ပေကပြေးပွဲဆင်နွဲသူတွေလည်းကမ္ဘာမြို့များပြေးပွဲဆင်နွဲသူများထဲမှတစ်ဦးဖြစ်သွားတယ်။Run In The Dark ကိုလူသိများလာသလိုပါဝင်ဆင်နွဲလာကြတယ်။ထိုင်ဝမ်နိုင်ငံနဲ့အာရှနိုင်ငံများကိုလည်းမျက်မမြင်နှင့်ကျောရိုးဒဏ်ရာရရှိသူတို့ရဲ့ဘဝဖူလုံမှုတိုးတက်ပြောင်းလဲရန်နဲ့ပြန်လည်ထူထောင်ရေးစီမံကိန်းတွင်ပါဝင်ခွင့်ရလိုက်တယ်။” 
 စာရင်းအရ ထိုင်ဝမ်လူမှုပတ်ဝန်းကျင်တွင် လက်ရှိကျောရိုးဒဏ်ရာရသူ၆သောင်းကျော်ရှိပါတယ််။ ယေဘုယျအသက်က၂ရနှစ် အရွယ်ကောင်းတွေ။၅၆%ကကားအက်စီးဒင့်ကြောင့်ဖြစ်တယ်။အခြား ကတော့လိမ့်ကျတာ(သို့)လေ့ကျင့်ခန်းလုပ်ခြင်းဒဏ်တွေကြောင့်ဖြစ်ကြတယ်။ဒါ့ပြင်တစ်နိုင်ငံလုံးရှိ6သောင်းကျော်မျက်မမြင်ထဲတွင်၈၈.၃%လောက်ရှိတဲ့ ၅.၃သောင်းကမွေးရာပါမျက်မမြင်များမဟုတ်ပါဘူး။ Shin Kong အသက်အာမခံအထွေထွေမန်နေဂျာ Mr. Jason H.C. Tsai က “Shin Kong အသက်အာမခံကဒီတစ်ခေါက်ပြေးပွဲကိုအကြောင်းပြုပြီးနိုင်ငံသားများကိုမျက်မမြင်နှင့်ကျောရိုးဒဏ်ရာရရှိသည့်အားနည်းချက်ရှိသောလူအုပ်စုအပေါ်အလေးပေးဂရုဏာထားစိတ်နိုးကြားစေရန်ဖြစ်ပြီးဘဝရဲ့အမျိုးမျိုးသောမတော်တဆဖြစ်မှုများအပေါ်ကျွန်တော်တို့လူတိုင်းအချိန်မရွေးကာကွယ်မှုနှင့်ပြင်ဆင်မှုပြုလုပ်ထားရမည်ကိုသတိပေးလိုက်ခြင်းဖြစ်သည်။ကြိုတင်အာမခံရှိအောင်ပြင်ဆင် ထားမှဘဝမှာကြောင့်ကျမှုမရှိဘဲလှပတဲ့ဘဝကိုဖော်ဆောင်နိုင်မှာပါ။”
ကျောရိုးထိခိုက်သူများ ဖောင်ဒေးရှင်းမှ ဒါရိုက်ဒါ Lin, Jin Xing ကမသန်စွမ်းမှု၏ကန့်သတ်ခြင်း ကိုမခံရဘဲ Mark အတိုင်းသတ္တိရှိရှိ မိမိကိုယ်ကိုစိန်ခေါ်ရဲတဲ့စိတ်ဓါတ်စွမ်းအင်ဖြင့်လူနာသုံးလှည်း ဘီးကုလားထိုင်ပေါ်ထိုင်ပြီး၅ကီလိုမီတာအပြီးပြေးခဲ့တယ်။ဒီအပြုအမှုကလူတွေရဲ့ရင်ထဲထိ်ခံစား မိစေပါတယ်။အရင်ကHBLနာမည်ကြီးနမ်ဆန်အထက်တန်းကျောင်းရဲ့「Point guard」နောက်တန်း ဘတ်စကက်ဘောသမားတစ်ယောက်ဖြစ်ပြီးအက်စီးဒင့်ကြောင့်ဘယ်ဘက်ဒူးခေါင်းမှစပြီးဖြတ်တောက်လိုက်ရတဲ့Li, Cheng Zhe လည်း ထိုနေ့ ပရဟိတပြေးပွဲ မှာပါဝင်ခဲ့တယ်။Li, Cheng Zhe က「ဒီနေ့Shin Kongရဲ့ ပရဟိတပြေးပွဲမှာ မှာပါဝင်ပြီးမိမိကိုယ်ကိုစိန်ခေါ်ခွင့်ရတာ အင်မတန်ဝမ်း သာတယ်။ကိုယ်တိုင်ချမှတ်ထားတဲ့ပြန်လည်ထူထောင်ရေးပန်းတိုင်ကိုရောက်နိုင်ခဲ့တယ်။ကျွန်တော်ရဲ့ပုံပြင်နဲ့ကြိုးစားမှုတွေကလူတွေပိုများများမိမိတို့စိတ်ကူးအိပ်မက်တွေကိုရဲရဲဝံ့ဝံံ့အကောင်အထည ်ဖော်နိုင်ရဲ့အားပေးမှုတစ်ခုဖြစ်ပါစေ။」