//

ထိုင်ဝမ်နိုင်ငံရှင်ကွမ်းဘဏ်မှရန်ကုန်စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူ များကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်

ထိုင်ဝမ်နိုင်ငံအခြေစိုက် Taiwan Shin Kong Commercial Bank မှ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသားကြီး) တွင် တက်ရောက်ပညာသင်ကြားနေသည့် စတုတ္ထနှစ် ကျောင်းသားကျောင်းသူ ၂၄ဦးအား စတုတ္ထအကြိမ်မြောက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို မတ်လ ၅ရက် ၂၀၂၀ ခုနှစ် နံနက် ၁၀ နာရီ ကမာရွတ် မြို့နယ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကမာရွတ်ခန်းမတွင် ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ထိုင်ဝမ်ရှင်ကွမ်းဘဏ်၏ Chief Representative Mr.Chen Ming Chuan က အဖွင့်နှုတ်ခွန်းဆက်စကားနှင့်ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်စီးပွါးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားသည်။ ရန်ကုန်စီးပွါးရေးတက္ကသိုလ်စာကြည့်တိုက်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁၅၀၀ အား Mr.Chen Ming Chuan က ပေးအပ်လှူဒါန်းခဲ့သည်။ “နိုင်ငံရဲ့အနာဂတ်ဖြစ်လာမယ့် ကျောင်းသား ကျောင်းသူတွေကို ပညာရေးမှာအားသွန်ခွန်စိုက်ကြိုးစားနိုင်အောင် အခုလိုမျိုးပညာသင်ထောက်ပံ့ကြေးတွေ ပေးတာပါ။ နောက်ပြီးကလေးတွေအတွက် သူတို့လိုအပ်တဲ့စာရွက်စာတမ်းတွေကို အိမ်ကနေပြန်တောင်းစရာမလိုတော့ဘူးပေါ့။ အခု ပညာသင်ထောက်ပံ့ကြေးရတဲ့ကလေးတွေက သူတို့ပထမနှစ် စတက်တဲ့အချိန်ကနေ အခုနောက်ဆုံးနှစ်အထိ နှစ်စဉ်ပေးအပ်တာပါ။ နောက်ထပ်ကလေးတွေကိုလည်း ပညာသင်ထောက်ပံ့ကြေးပေးဖို့ စီစဉ်ထားပါတယ်။ ဒီနေ့မှာဆိုရင် ပညာသင်ထောက်ပံ့ကြေး ပေးတာအပြင် ကျောင်းစာ ကြည့်တိုက်မှာ လိုအပ်တဲ့စာအုပ်တွေ ဝယ်ဖို့အတွက်ပါ အလှူငွေထည့်ဝင်လှူဒါန်းခဲ့ပါတယ်” Mr.Chen Ming Chuan ကပြောသည်။ ထို့နောက် ပညာသင်ထောက်ပံ့ကြေးရရှိသူများဖြစ်သည့် ရန်ကုန်စီးပွါးရေးတက္ကသိုလ်၏ ဘာသာရပ်ရှစ်ခုမှ နောက်နှစ် ကျောင်းသားကျောင်းသူ ၈ဦး(၂၄ ဦး က်ုယ်စား) ကို ထိုင်ဝမ်ရှင်ကွမ်းဘဏ်၏ Chief Representative Mr.Chen Ming Chuan က ပညာသင်ထောက်ပံ့ကြေး အမေရိကန်ဒေါလာ ၃၀၀ စီပေးအပ်ခဲ့သည်။