//

ကျောင်းသားကျောင်းသူ ၂၄ဦးအား ပညာသင်ထောက်ပ့ံကြေးပေးအပ်

ရန်ကုန် ၂၃ ဖေဖော်ဝါရီ ၂၀၁၉ ခုနှစ် ထိုင်ဝမ်နိုင်ငံအခြေစိုက် Taiwan Shin Kong Commercial Bank မှ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသားကြီး) တွင် တက်ရောက်ပညာသင်ကြားနေသည့် တတိယနှစ် ကျောင်းသားကျောင်းသူ ၂၄ဦးအား တတိယအကြိမ်မြောက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ရက် နံနက် ၁၀ နာရီက ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ ဆာကူရာတာဝါ၌ ကျင်းပခဲ့သည်။ အမှတ်တရ အခမ်းအနားတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခဒေါက်တာ တင်ဝင်းက အဖွင့်အမှာစကား ပြောကြားကာ ထိုင်ဝမ် ရှင်ကွမ်းဘဏ်မှ ရန်ကုန်တက္ကသိုလ်(ရွာသားကြီး) အတွက် ပေးအပ်လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁၅၀၀ အား ရှင်ကွမ်းဘဏ်၏ Chief Representative Mr. Chen Ming Chuan ကပေးအပ်လှူဒါန်းရာ ပါမောက္ခဒေါက်တာတင်ဝင်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။(အပေါ်ပုံ) ကျေးဇူးတင်စကား ထို့နောက်ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသားကြီး)တွင်တတိယနှစ်သင်တန်းတက်ရောက်သင်ကြားကာ ထိုင်ဝမ်ရှင်ကွမ်းဘဏ်မှပေးအပ်ချီးမြှင့်သော ပညာသင်ထောက်ပံ့ကြေးရရှိသည့်ကျောင်းသား ကျောင်းသူ ၂၄ဦးအား Mr. Chen Ming Chuan က တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ စီ ပေးအပ်ခဲ့ပြီး နောက် စာရင်းအင်းပညာတန်းတွင်တက်ရောက်ပညာသင်ကြားနေသည့် တတိယနှစ်ကျောင်းသူ မသင်းနန္ဒာစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောဆိုခဲ့သည်။ သုံးကြိမ်မြောက် ရှင်းကွမ်းဘဏ်ဟာရှင်ကွမ်ဂရု(ပ်)မှာပါဝင်ပါတယ်။အခုလိုစီပွားရေးတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေကိုပညာသင်ဆုပေးအပ်ရတာကလည်းသူတို့အတွက် အထောက်အပံ့တစ်ခုအနေနဲ့ ကူညီထောက်ပံ့ပေးတာပါ။ အခုဆိုရင်သုံးကြိမ်မြောက်ရှိသွားပါပြီ။အခုပညာသင်ထောက်ပံ့ကြေးရခဲ့သူ၂၄ယောက်စလုံးကိုသူတို့ပထမနှစ်စတက်ကတည်းကနှစ်စဉ်ပေးအပ်ခဲ့ပါတယ်။နောက်ပြီးအဲဒီကလေးတွေကိုလည်းကျွန်တော်တို့ဘက်က ရွေးချယ်တာမဟုတ်ဘဲ ကျောင်းကပဲ ရွေးချယ်ပေးတာပါ။ မေဂျာရှစ်ခုရှိတဲ့နေရာမှာ မေဂျာတစ်ခုကို ကျောင်းသားကျောင်းသူသုံးဦးနှုန်းနဲ့ရွေးချယ်ထားပါတယ်။သူတို့တွေကျောင်းပြီးလို့ဘွဲ့ရသွားပြီဆိုရင်လည်းကျွန်တော်တို့ဘဏ်အနေနဲ့ကတတ်နိုင်တဲ့ထောက်ပံ့ကူညီပေးတာတွေပြုလုပ်ပေးသွားမှာပါ ဟု Taiwan Shin Kong Commercial Bank မှ Chief Representative Mr. Chen Ming Chuang က ပြောဆိုခဲ့သည်။ ကျော်သူမြင့်စိုး


ထိုင်ဝမ်ရှင်ကွမ်းဘဏ်မှ စီးပှားရေးတက္ကသိုလ်(ရွာသားကြီး)





ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခဒေါက်တာတင်ဝင်း(ယာ)မှထိုင်ဝမ်ရှင်ကွမ်းဘဏ်မြန်မာကိုယ်စားလှယ်ရုံး မှ Chief Representative Mr. Chen Ming Chuan (ဝဲ) အား ဂုဏ်ပြုလက်မှတ်ပေးအပ်နေပုံ။