//

တိုင်းရင်းသားပညာရေး

2004မှစ၍ Aereမုန်တိုင်းကျရောက်ပြီးကာလတွင်ပတ်ဝန်ကျင်မှယူ၍ပတ်ဝန်းကျင်အတွက် ်သုံးခြင်းဆိုတဲ့ခံယူချက်ဖြင်ဒေသတွင်းအရင်းအမြစ်များဖြင့်ဒေသတွင်းတွင်ဝန်ဆောင်မှုပေးခဲ့သည်။ Jianshi Township နှင့် Zhudong Township, Hsinchu Countyတို့တွင်ထိုင်ဝမ်နိုင်ငံသက်တံ့ ရောင်ရှေးတိုင်ရင်းသားစောင့်ရှောက်ရေးဖောင်ဒေးရှင်းနှင့်အတူဒေသတွင်းဆရာ၊ဆရာမများနှင့် ကျွမ်းကျင်ပညာရှင်များခေါ်သွင်းခန့်အပ်ပေးခြင်းဖြင့်တိုင်းရင်းသားလူငယ်များပုုံမှန်အတန်း ချိန်ပြင်စောင့်ရှောက်မှုကွန်ရက်ကိုရရှိစေသည်။လူမှုပတ်ဝန်းကျင်တွင်ထောက်ပံ့ပေးနိုင်စွမ်းရှိသော အားပေးမှုအစီအစဉ်တစ်ရပ်ဖြစ်ခဲ့သည်။ နယ်ဝေးကျေးလက်ဒေသများရှိတိုင်းရင်းသားလူငယ် များသည်အတန်းပညာမလိုက်နိုင်ခြင်း၊သင်ယူတတ်မြောက်ရန်နှေးကွေးခြင်းတို့ကြောင့် ကျောင်းစာ နောက်ကျကာ အပြုအမူတိမ်းစောင်းလာတတ်ကြောင်းကျွန်တော်တို့လေ့လာပြီးသိရှိခဲ့သည်။ ဆင်းရဲနွမ်းပါးသောတိုင်းရင်းသားမိသားစု၏ဝန်ကိုလျှော့ချပေးနိုင်ရန်ကျောင်းကလည်းအကျိုးရှိရှိမ ဖြေရှင်းပေးနိုင်ကြပါ။သက်တံ့ရောင်ရှေးတိုင်ရင်းသားစောင့်ရှောက်ရေးဖောင်ဒေးရှင်းနှင့်ရေရှည်ပူး ပေါင်းပြီးအတန်းချိန်ပြင်ပအချိန်များတွင်အခမဲ့မိဘနှင့်ကလေးအတွက်သင်ကြားလမ်းညွှန်မှုပေးသည်။ကျောင်းသားများအားကျောင်းဆင်းပြီးအိမ်အပြန်စပ်ကြားချိန်တွင်မိဘများနောက်ဆံတင်းစရာမလိုသောစာကြည့်ရန်ပတ်ဝန်းကျင်နှင့်အကျင့်စာရိတ္တကောင်းမွန်အောင်သွန်သင်ပေးခြင်းတို့လုပ်ဆောင်ပေးသည်။ဒီလိုနည်းဖြင့်ပညာရေး၊စရိုက်နှင့်မိသားစုတို့တွင်ပိုမိုကောင်းမွန်သောစောင့်ရှေက်မှုများရရှိနိုင်လိမ့်မည််မျှော်လင့်ပါသည်။