//

ShinKong လုံခြုံရေးနှင့်ကမ္ဘောဇဘဏ်လုံခြုံရေးလုပ်ငန်းပေါင်းစပ်လုပ်ကိုင်မည်

ShinKongလုံခြုံရေးကအရှေ့တောင်အာရှအနာဂတ်စျေးကွက်ကိုဦးတည်လုပ်ဆောင်ရန်ရှိသည်။၂ဝဝရတွင်ထိုင်းနိုင်ငံသို့ဝင်ရောက်ပြီးအရှေ့တောင်အာရှစျေးကွက်သို့်စျေးကွက် ချဲ့ထွင်ခဲ့သည့် ပထမဦးဆုံးသော ထိုင်ဝမ်နိုင်ငံလုံခြုံရေးလုပ်ငန်းရှင်ဖြစ်လာခဲ့သည်။ယခုနှစ်တွင် Shin Kongအဖွဲ့ကမြန်မာစျေးကွက်တွင်းသို့ ဲဝင်ရောက်တိုးချဲ့နိုင်ရန်သေသေချာချာလုပ်ဆောင်လျက်ရှိသည်။၂၀၁၅ရန်ကုန်မြို့တွင် Shin Kong လုံခြုံရေးမှ Shin Kong မြန်မာဝန်ဆောင်မှုအကြံပေးကုမ္မဏီကိုတည်ထောင်နိုင်ခဲ့သည်။ ဒေသတွင်းအမည်ကြီးလုပ်ငန်းများသို့အကြိမ်ကြိမ်သွားရောက်ဆွေးနွေးပြီး စီပွားရေးပူးပေါင်း လုပ်ဆောင်ရန်၊လုပ်ကိုင်မှုပုံစံ၊ဖက်စပ်လုပ်ငန်းအစရှိသည်တို့ကိုအတူတကွလေ့လာဆွေးနွေးကြ သည်။Shin Kong လုံခြုံရေးသည်ဒေသတွင်းလုပ်ငန်းများနှင့်ပူးတွဲကာ အဆင့်မြင့်ခေတ်မှီသော လုံခြုံရေးဝန်ဆောင်မှုကိုပေးဆောင်ခဲ့သည်။နိုင်ငံတကာတွင် လုံခြုံရေးလုပ်ငန်းများ ဝင်ရောက်လုပ်ဆောင်မည်။
မြန်မာ့စျေးကွက်လေ့လာပြီးနောက် ပြည်တွင်းဘဏ်များ၊chain လုပ်ငန်းများ၊ဆောက်လုပ်ရေး လုပ်ငန်းများ အစရှိလုပ်ငန်းရှင်အားလုံးမိတ်ဖွဲ့လိုကြသည်။ Shin KongSecurityယခုရက် ပိုင်းတွင် ပြည်ပကုမ္မဏီခွဲ「Shin Kong လုံခြုံရေးမြန်မာဦးပိုင်ကုမ္မဏီလိမိတက်ကကိုယ်စားပြုပြီး မြန်မာနိုင်ငံ မြန်မာကမ္ဘောဇဘဏ်လုပ်ငန်းလက်အောက်ရှိ Trust Channel ကုမ္မဏီနှင့် ဖက်စပ်သ ဘောတူညီမှုရေးထိုးခဲသည်။နှစ်ဦးသဘောတူညီမှုဖြင့်ကုမ္မဏီအသစ်「KBZ Shin Kong Myanmar Co.,Ltd.」ကိုတည်ထောင်မည်။ Shin Kong လုံခြုံရေးကဒီတစ်ခေါက်တည်ထောင် သောကုမ္မဏီတည်ထောင််ငွေရေးမှာအမေရိကန်ဒေါ်လာဆယ်သိန်းဖြစ်ပြီးTrust Channel မှ၅၁%ရှယ်ရာပါဝင်ရာ၊Shin Kong လုံခြုံရေးမြန်မာဦးပိုင်ကုမ္မဏီလိမိတက်မှ၄၉%ပါဝင်ကြောင်းဖြစ်သည်။ Securityလုပ်ငန်းစတင်ချိန်ခေတ်ဦးတွင်ငွေကြေးပို့ဆောင်ရေးကိုအဓိကထားသည်။ Shin Kong လုံခြုံရေးလုပ်ငန်းအုပ်စု“ထိုင်ဝမ်လုံခြုံရေး”အမည်ဖြင့်ငွေသားပို့ဆောင်မှုတို့ကိုသာ လုပ်ဆောင်သွားမည်။ထိုအခါအဓိကလူတစ်ဦးကိုစေလွတ်ပြီး ကုမ္မဏီလည်ပတ်လုပ်ဆောင်မှုများ အတွက်အတိုင်ပင်ခံအဖြစ်ထားမည်။
Shin Kong လုံခြုံရေးနှင့်ဖက်စပ်လုပ်ကိုင်သော KBZအုပ်စုနှင့်အတူကျောက်တန်ပတ္တမြားတူးဖေါ်ခြင်း၊ဘဏ္ဍာရေးလုပ်ငန်းများအစဘက်စုံလုပ်ဆောင်သွားမည်။KBZမြန်မာနိုင်ငံတွင်အကြီးဆုံးဘဏ်ခွဲကိုပိုင်ဆိုင်ရုံ သာမကလက်အောက်တွင်အာမခံလုပ်ငန်း၊ငွေကြေးဆိုင်ရာလုံခြုံမှုများ၊အဲလှိုင်း၊ဟော်တယ်များအပါအဝင်ဘက်စုံလုပ်ဆောင်သည်။ဤတစ်ခေါက်လက်အောက်ခံကုမ္မဏီ Trust Channel ဖြင့်နှစ်နိုင်ငံဖက်စပ်လုပ်ဆောင်ရန်သဘောတူညီမှုကိုရယူခဲ့သည်။KBZ၏စီးပွားရေးနယ်မြေကိုအ ကြောင်းပြု၍မြန်မာနိုင်ငံတွင်ပိုပြီးဆန်းသစ်ကျွမ်းကျင်သောဝန်ဆောင်မှုများအားဖော်ဆောင်ပေးသွားမညဖြစ်သည််။ ထိုင်ဝမ်နိုင်ငံ၏”တောင်ဘက်သချီလှမ်းမှုပေါ်လစီ”နှင့်လည်းကိုက်ညီသည်။အာစီယံနိုင်ငံများနှင့်အာရှနိုင်ငံ၏အတွင်းလိုအပ်မှုစျေးကွက်အတွက်လိုအပ်သောလုပ်ငန်းနှင့်မြန်မာနိုင်ငံတွင်းရှိထိုင်ဝမ်လုပ်ငန်းရှင်သမားများ၏လုံခြုံရေးလိုအပ်မှုတို့ကိုဝန်ဆောင်မှုပေမည်။ထို့ပြင်နှစ်နိုင်ငံလုံး၏အကျိုးစီးပွား ဖြစ်ထွန်းမည်ဟုမျှော်လင့်ပါသည်။