
ပရိုဖို်င်
သုံးစွဲသူ ပထမ၊ ပျူငှာသောဝန်ဆောင်မှု ဟူသောဒဿနကို ကိုင်ဆွဲပြီး ကျယ်ပြန့်ပြီး အလင်းရောင် ကောင်းမွန်သောနေရာတွင် ကုန်ပစ္စည်းအမျိုးအစား အစုံအလင်ကို ရောင်းချပေးသည်။ မြို့ပြ လူနေမှုစနစ် စျေးဝယ်ခြင်းအလေ့အထကို မြှင့်တင်ပေးပြီး စုံလင်သောဝန်ဆောင်မှုဖြင့် မြို့ပြ၏ အရောင်အသွေးကို ဆန်းသစ်တောက်ပစေသည်။
ဂုဏ်ပြုဆုတံဆိပ်များ
- ၂၀၁၃ ခုနှစ် Manager Today မှ ရွေးခြယ်သော စတိုးဆိုင်ကဏ္ဍတွင် လွှမ်းမိုးမှုအရှိဆုံးသော အမှတ်တံဆိပ်ဆု
- ၂၀၁၁ ခုနှစ် CommomWealth မဂ္ဂဇင်း၏ ဝန်ဆောင်မှုဆို်င်ရာရွှေတံဆိပ် ဆု
- ၂၀၁၀ ခုနှစ် ကောင်းရှုံ Landscape and Design ပြိုင်ပွဲ ပထမဆု
- ၂၀၀၉ ခုနှစ် Global View လစဉ််စာစောင်၏ ဝန်ဆောင်မှု အရည်အသွေး စစ်တမ်း တွင် နံပတ် (၁) နေရာ
- ၂၀၀၈ ခုနှစ် အာရှပစိဖိတ် လက်လီဆို်င် ထိပ်သီး ၅၀၀ တွင် ထိုင်ဝမ် ဒေသ၏ ကြေးတံဆိပ် ဆု
အားသာချက်များ
- ထိုင်ဝမ်အကြီးဆုံး ချိတ်ဆက် စတိုးဆိုင်ကြီး ဖြစ်ပြီး ဆိုင်ခွဲ ပေါင်း ၁၃ခု နှင့် ဆိုင်ခန်း ၂၂ ခန်း ရှိကာ နှစ်စဉ် လာရောက်လည်ပတ် ဝယ်ယူသူပေါင်း သန်း (၁၀၀) ရှိသည်။
- အထူးကုန်စည်ကောင်တာပေါင်း (၈၀၀၀) ကျော်ရှိ၍ လာရောက်သူတိုင်း၏ လိုအပ်ချက်ကို ကောင်းစွာဖြည့်ဆည်း ပေးလျက်ရှိသည်။
- ရိုးရာ ယဉ်ကျေးမှု၊ ပြောင်မြောက်သော အနုပညာလက်ရာနှင့် အမျိုးမျိုးသော အခမ်းအနားများကို အသုံးပြု၍ အမြဲမပြတ် အရောင်းမြှင့်တင်ခြင်းကို ဆောင်ရွက်သဖြင့် လူသိများ ကျော်ကြားထင်ရှားသော အမှတ်တံဆိပ်ဖြစ်သည်။
အနာဂတ်မျှော်မှန်းချက်များ
“ကမ္ဘာကြီးကို ကြည့်ရှုသုံးသပ်ပြီး ဒေသခံများအတွက် ထည့်သွင်းစဥ်းစားခြင်း” သည် Shin Kong Mitsukoshi ၏ တသမတ်တည်း ကြိုးစားအားထုတ်ရန် ဦးတည်ချက်ဖြစ်သည်။ အနာဂတ်တွင် Shin Kong Mitsukoshi သည် တူညီသော စီးပွားရေးအတွေးအခေါ်ကို ထောက်ခံပြီး စီးပွားရေးလုပ်ငန်း လူမှုဆက်ဆံရေးတာဝန်ယူမှုအတွက် ပြည့်ဝစွာ ဖြည့်ဆည်းပေးခြင်းဖြင့် ဒေသခံပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်။ ထိုနည်းဖြင့် လူသားများအား ပိုမိုသာယာပြီး လှပသောဘဝ အတွေ့အကြုံများကို ယူဆောင်လာပေးမည်။