
ပရိုဖို်င်
ပြည်သူတို့၏ လူနေမှု ဘဝများကို မြှင့်တင်ပေးခြင်း၊ စာပေယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ လူမှုရေးအသိစိတ်ဓါတ် ရှင်သန်ထက်မြက်ရေး နှင့် လူရည်ချွန်များ ပေါ်ထွန်းလာစေရန် မြေတောင်မြှောက်ပေးခြင်းတို့ကို ဆောက်ရွက်သည်။
ဝန်ဆောင်မှု အကြောင်းအရာမျာ
ကျောင်းသားသမဂ္ဂများ နှင့် အနုပညာရှင်အဖွဲ့တို့၏ အနုပညာ ပြပွဲများကို ချီးမြောက်ထောက်ပံ့ပေးခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုး၏ စာပေယဉ်ကျေးမှု အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ပြုစုပျိုးထောင် မြေတောင်မြောက် ပေးသည်။ အသိပညာပေး အကြောင်းအရာများ ကြွယ်ဝစွာ ပါဝင်သော အနုပညာပြပွဲများ နှင့် အပန်းဖြေ လှုပ်ရှားမှုများ- ဥပမာ၊ ဒေသတွင်း အနုပညာနှင့် ဆက်နွယ်သော လေ့လာရေးခရီးစဉ်များ၊ သာယာလှပလူမှုဘဝ ဟောပြောပွဲ စသည်တို့ကို အလျဉ်းသင့်သလို ကျင်းပပေးသည်။ စီးပွားရေး လုပ်ငန်များ၊ အစိုးရနှင့်ပြည်သူတို့၏ အရင်းအမြစ်များကို စုစည်းပြီး စာပေအနုပညာ၊ ပညာရေးနှင့်ကိုယ်ကာယ ကျန်းမာ ကြံ့ခိုင်ရေး တို့နှင့် ဆက်ဆိုင်သော ပရဟိတ လှုပ်ရှားဆောင်ရွက်မှုများ- ဥပမာ ကျေးလက်ဓလေ့ ဖျော်ဖြေပွဲများ၊ လူငယ် အနုပညာပွဲတော်၊ အပြည်ပြည်ဆိုင်ရာ Capella ဂီတပွဲတော်၊ ထူချွန်ထက်မြက်သော လူငယ်များ မြေတောင်မြှောက် ဆုချီးမြှင့်ခြင်းတို့ကို ကမကထ ထောက်ကူပြု လုပ်ဆောင်သည်။
ဂုဏ်ပြုဆုတံဆိပ်များ
- ၂၀၀၆ ခုနှစ် အဌမအကြိမ်မြောက် ဝင်ရှင်း ကြေးတံဆိပ်ဆု
အနာဂတ်မျှော်မှန်းချက်များ
စာပေအနုပညာယဉ်ကျေးမှုဆက်လက်ဖွံ့ဖြိုးစေရန် အစဉ်တစိုက်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းရှိ အနုပညာ အဆင့်အတန်းမြင့်မားစေပြီး အနုပညာကြယ်ပွင့်လေးများ ထွက်ပေါ်လာစေရန် မြေတောင်မြောက်ပေးမည်။ စာပေအနုပညာဆိုင်ရာ လှုပ်ရှားမှုများကို ထောက်ပ့ံအားပေးခြင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် ဘဝနေနည်း အနုပညာ ကို လူထုအကြားပျံ့နှံစေကာ ပြည်သူအများ၏ ဘဝလူနေမှု အဆင့်အတန်းများ တိုးတက်မြင့်မားလာစေပါမည်။