MENU
ထိုင်ဝမ် လုံခြုံရေး ကုမ္ပဏီ

ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

  1. ဘဏ္ဍာရေး အဖွဲ့အစည်းများအတွက် လုံခြုံသော သယ်ယူပို့ဆောင်မှု ပေးခြင်း
  2. လုံခြုံ စိတ်ချရသော ငွေကြေး နှင့် အဖိုးတန် ကုန်ပစ္စည်းများ ထားသိုရာ နေရာ ဝန်ဆောင်မှု ပေးခြင်း
  3. အဖိုးထိုက်တန်သော ကုန်ပစ္စည်း အမျိုးမျိုး ကို လုံခြုံစွာ သယ်ယူပို့ဆောင်ပေးခြင်း
  4. ငွေကြေး နှင့် အလိုအလျှောက်ငွေထုတ်စက် ATM၊ ဝန်ထမ်း သယ်ယူ ပို့ဆောင်ရာတွင် လုံခြုံရေး ပေးခြင်း
  5. ထိပ်တန်းလျှိုဝှက် အရေးကြီး စာရွက် စာတမ်းများကို magnetic strip verification and IC technology
  6. အဆင့်မြင့်နည်းပညာ အသုံးပြုပြီး လုံခြုံစွာ သယ်ယူပို့ဆောင်ပေးခြင်း
  7. စားသောက်ဆိုင်၊ စူပါမတ်ကတ်၊ ချိတ်ဆက်စတိုးဆိုင်များ (chain stores) စသည့် စီးပွားရေး လုပ်ငန်းများ၊ MRT သယ်ယူပို့ဆောင်ရေး တိုးဂိတ်များ၊ ကဒ် စနစ်သုံး အလိုအလျှောက် စက်များ မှ လုပ်ခလစာ၊ အပ်ငွေ၊ ထုတ်ငွေ၊ ရရှိငွေကြေး အလုံးစုံကို လုံခြုံစိတ်ချစွာ သယ်ယူပို့ဆောင်ပေးခြင်း နှင့် ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ စတော့ပြန်ဖြည့်ခြင်း စသည်တို့ဆောင်ရွက်ရာတွင် လုံခြုံမှုပေးခြင်း

ဂုဏ်ပြုဆုတံဆိပ်များ

၂၀၁၁ ခုနှစ်၊ ၂၀၁၄ ခုနှစ် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန ၏ စွမ်းရည်ပြည့် လုပ်ငန်းရှင် ဆု

အားသာချက်

  1. သယ်ယူ ပို့ဆောင်ရေး ယာဉ် :
    သေနတ်ကျည်ဒဏ် ခံန်ိုင်သော အလုံပိတ်မော်တော်ယာဉ်ကို အသုံးပြုပြီး ကျည်ကာမှန်၊ magnetic key card safe access, anti-theft transponder chip locks ၊ သတိပေးစနစ်၊ တည်နေရာပြ GPS ကိရိယာများ တပ်ဆင်ထားသည်။
  2. ဝန်ထမ်းများအား လုံခြုံရေး စိစစ်မှု
    ဒေသအာဏာပိုင် အဖွဲ့အစည်း နှင့် ပူးပေါင်း၍ ဝန်ထမ်းများ၏ နောက်ကြောင်း ကိုယ်ရေး ရာဇဝင် အချက်အလက် နှင့် အာမခံပေးသူတို့၏ အခြေအနေကို အမြဲမပြတ် စစ်ဆေးသည်။ Taiwan Security ကုမ္ပဏီသည် အခြားသော Shin Kong လုပ်ငန်းစု (SKFH) ကုမ္ပဏီများနှင့် ဆက်နွှယ်ထားသောကြောင့် နိုင်ငံတစ်ဝှမ်းလုံးရှိ နေရာ အနှံ့အပြား သို့ ထိပ်တန်းဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သည်။

အနာဂတ်မျှော်မှန်းချက်များ

ယနေ့ကမ္ဘာတွင် ပုံစံ အမျိုးမျိုးသော ရာဇဝတ်မှု များ ပေါ်ပေါက်လာနိုင်သဖြင့် လုံခြုံရေးဆိုင်ရာ သတိပြုမှုများ ပိုမိုလိုအပ် လာသောကြောင့် ဘဏ္ဍာရေး အဖွဲ့အစည်းများ အတွက် အကောင်းဆုံး လုံခြုံရေး ဆိုင်ရာ ဝန်ဆောင်မှု ကို ရွေးခြယ်ရန် အရေးတကြီးလိုအပ်လာသည်။ ကောင်းမွန်သော အဆင့်ဆင့် စီမံခန့်ခွဲမှု ၏ ခေါင်းဆောင်မှုဖြင့် ကုမ္ပဏီ၏ အခြေခံမူဝါဒ ဖြစ်သော ယုံကြည်စိတ်ချရမှု၊ ဝန်ဆောင်ခြင်း၊ ကျွမ်းကျင်မှု နှင့် ဆန်းသစ်တီထွင်မှု ကို ကိုင်စွဲပြီး ဖောက်သည်များကို အကောင်းဆုံးသော ဝန်ဆောင်မှုကို ပေးအပ်ပါမည်။

Tel: (02)5579-0198、0800-521-123
ဝဘ်ဆိုက် https://www.sks-tws.com.tw/
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း (02)5579-0198
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် [email protected]

TOP