
ဝန်ဆောင်မှု အကြောင်းအရာ
- ဆင်းရဲချို့တဲ့့သူများအား ဆေးဖိုး ကူညီထောက်ပံ့ခြင်း၊ အရေးပေါ် လူနာများ၏ ဆေးဖိုးကုန်ကျစရိတ်ကို ကူညီပေးခြင်း နှင့် အရေးပေါ် ကူညီ ကယ်ဆယ်ရေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း။
- တက္ကသိုလ် ပရဝဏ် နှင့် လူနေရပ်ကွက်တို့တွင် ရှေ့ဦးသူနာပြုအတတ်ပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်တတ်ကျွမ်းစေခြင်း။
- အခြားသော ပရဟိတအဖွဲ့အစည်းများ နှင့် ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတို့ကို ထောက်ပံ့အားပေး ကူညီခြင်း။
အနာဂတ်မျှော်မှန်းချက်များ
ဘေးအန္တရာယ်သင့် အိမ်ထောင်စုများ အခက်အခဲမှ ကျော်လွှားနိုင်ရန် ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ပြီး ရှေ့ဦးသူနာပြု အတတ်ပညာများ ကျယ်ကျယ်ပြန့်ပြန့် တတ်မြောက်လာစေရန် ဆက်လက်ဆောင်ရွက်မည်။ အရွယ်ရောက်ပြီးသူတိုင်း ရှေ့ဦးသူနာပြုစုနည်းကို ကောင်းစွာတတ်မြောက်ရန် မျှော်မှန်းချက်ထား ဆောင်ရွက်ခြင်းဖြင့် မတော်တဆ ဖြစ်ရပ်များ ပေါ်ပေါက်လာပါက အချိန်မီ ကယ်တင်ကုသနိုင်သဖြင့် မလိုလားအပ်သော ထိခိုက်သေဆုံးမှုရများကို လျှော့ချနို်င်မည် ဖြစ်သည်။ လူမှုပရဟိတဆောင်ရွက်ချက်များကို အားပေးထောက်ပံ့ပေးခြင်းဖြင့် ဆင်းရဲချို့တဲ့သူများ၏ လူနေမှုဘဝများ သာယာလှပလာစေမည်။ ထို့ပြင် ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အစီအမံများ ချမှတ်ရာတွင်လည်း ထောက်ပံ့ကူညီပေးပြီး သဘာဝ နှင့် အခြားသော ကပ်ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက ထိခိုက်ပျက်စီးမှုများ အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်။