Shin Kong လုံခြုံရေးသည် လုံခြုံရေးသုံးစက်ရုပ်ကိုအစွမ်းကုန်ထုတ်လုပ််ဖွံ့ဖြုံးနေ၏။
Shin Kong လုံခြုံရေးသည်လတ််တလောတွင် ၂၂ကြိမ်မြောက်နိုင်ငံတော်အရေးအသွေးထူးချွှန်ဆု၊ ထိုင်ဝမ်ကုမ္ဗဏီပတ်ဝန်းကျင်ထိန်းသိမ်းဆုမှ နှစ်စဉ်တင်ပြမူထူးချွှန်ဆု၊ စံပြအဆောက်အဦးဆု၊ ISO50001 သို့လည်းကောင်း ချီးမြှင့်မူအသီးသီးရရှိခဲ့ပါသည်။
MENU
ထိုင်ဝမ်Shin Kong လုံခြုံရေး ကုမ္ပဏီလီမိတက်

ပရိုဖို်င်

၁၉၈၀ ခုနှစ်တွင် ထူထောင်သည်။
၁၉၉၅ ခုနှစ်တွင် စတော့ရှယ်ရာစျေးကွက် စာရင်းဝင် အများပိုင်ကုမ္ပဏီ် ဖြစ်လာသည်။
၂၀၁၃ ခုနှစ်တွင် ပိုင်ဆိုင်မှုတန်ဖိုး ထိုင်ဝမ်ဒေါ်လာ (၃၈) သန်းရှိလာ။
ဝန်ထမ်းပေါင်း (၁,၉၀၀)ကျော်။
ဝန်ဆောင်မှုပေးရသော အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်ပေါင်း (၅,၀၀၀)ကျော်။
ပြည်ပတွင် ဝန်ဆောင်မှုပေးနေရသော လူပုဂ္ဂိုလ်ပေါင်း (၁၀,၀၀၀)ကျော်။
ကုမ္ပဏီ၏ ဝန်ဆောင်မှုကို ရယူသော လူပုဂ္ဂိုလ် စုစုပေါင်း (၁၀၀,၀၀၀)ကျော်။

ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

  1. လူနေအိမ်လုံခြုံရေး၊ ရုံးလုံခြုံရေး၊ စျေးဆိုင် လုံခြုံရေး၊ ငွေကြေးသယ်ယူပို့ဆောင်ရာတွင် လုံခြုံရေးပေးခြင်း၊ မော်တော်ယာဉ်များအား ဂြိုလ်တုစောင့်ကြည့်ရေးစနစ်ဖြင့် လုံခြုံမှုပေးခြင်း
  2. လုံခြုံရေးစနစ် ကိရိယာအဆောင်အယောင်များ (အဆင့်မြင့် မီးဘေးရန်ကာကွယ်စနစ်၊ AED အလိုအလျှောက် နှလုံးခုန်မှန်စက်၊ POS ဆိုင်အရောင်းအဝယ်စနစ်၊ လူဝင်လူထွက် ထိန်းချုပ်စနစ်၊ စောင့်ကြည့်လုံခြုံရေးကင်မရာစနစ်၊ ကားပါကင် ထိန်းချုပ်မှုစနစ်၊ ခေတ်မီ အဆောက်အအုံ စီမံခန့်ခွဲစနစ် စသဖြင့်)
  3. စက်ရုပ်နည်းပညာ သုတေသန (လုံခြုံရေး လှည့်လည်စောင့်ကြပ်သည့် စက်ရုပ်၊ လူနေအိမ်စောင့်ကြည့်ပေးသော စက်ရုပ်၊ ယာဉ်သွားလာမှု ထိန်းကြောင်းပေးသည့် စက်ရုပ် စသဖြင့်)

ဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၁၇ ခုနှစ်တွင် BSI မှ ချီးမြှင့်သော စဥ်ဆက်မပြတ်တိုးတက်ရေး အကောင်းမွန်ဆုံးဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် BSI မှ ချီးမြှင့်သော CSR လက်တွေ့ဆုကို ရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် CSR အစီရင်ခံစာအတွက် GRI G4 အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် စီးပွားရေး၀န်ကြီးဌာန၏ ရေအရင်းအမြစ်စီမံခန့်ခွဲမှုဌာနမှ ပုဂ္ဂလိကလုပ်ငန်းများ ရေထိန်းသိမ်းရေးဘေးအန္တရာယ်ကာကွယ်ခြင်းတွင် ပါ၀င်ကူညီလုပ်ဆောင်ပေးနိုင်ခဲ့သည်။
  • ၂၀၁၃ ခုနှစ် “Intelligent Building Systems Integrator” လက်မှတ်
  • ၂၀၁၃ ခုနှစ် “Intelligent Building Award” ကြေးတံဆိပ် ဆု
  • ၂၀၁၃ ခုနှစ် TIPS (ထိုင်ဝမ် ဉာဏဆိုင်ရာ ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်း) လက်မှတ်
  • ၂၀၁၃ ခုနှစ် ISO 50001 လက်မှတ်
  • ၂၀၁၃ ခုနှစ် ထို််င်ဝမ် လုပ်ငန်း ရေရှည်တည်တံ့မှုအစီရင်ခံစာဆု (နှစ်ပတ်လည် အကောင်းဆုံး အစီရင်ခံစာဆု)
  • ၂၀၁၂ ခုနှစ် (၂၂)ကြိမ်မြောက် “အမျိုးသားအရည်အသွေးဆု”
  • ၂၀၁၂ ခုနှစ် Taiwan CSR Award ဝန်ဆောင်မှု ကြေးတံဆိပ်ဆု
  • ၂၀၁၂ ခုနှစ် AA1000 A+ (BSI ဗြိတိန် အရည်အသွေး အဖွဲ့အစည်း) လက်မှတ်
  • ၂၀၀၉ မှ ၂၀၁၂ ခုနှစ် ထိ TIPS (ထိုင်ဝမ် ဉာဏဆိုင်ရာ ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်း) လက်မှတ်
  • ၂၀၀၈ ခုနှစ် ISO 27001 လက်မှတ်
  • ၂၀၀၃ ခုနှစ် ISO 9001/2000 လက်မှတ်
  • ၁၉၉၈ ခုနှစ် ISO 9001 လက်မှတ်

အားသာချက်များ

Taiwan Shin Kong Security ကုမ္ပဏီသည် ဝန်ဆောင်မှုကောင်းမွန်ခြင်းကို ထိန်းသိမ်းပြီး ကုမ္ပဏီခွဲများဖြစ်သော Yi Kong Security, Taiwan Security, Shinsoft Co., eTech Pro Co., Shin Kong Communication Co., Shincluster Electronics, Yi Kong Home Care, JasperVilla စသည့် လုပ်ငန်းများကို ထူထောင်သည်။ ထိုသို့ လုပ်ငန်းပေါင်း (၁၄)ခု ပါဝင်ပေါင်းစပ်ထားသော လုပ်ငန်းစုဖြစ်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးခြင်းဖြင့် “လုံခြုံသောလုပ်ငန်း” မှ “စိတ်ချရသော လုပ်ငန်း” သို့ကူးပြောင်းတက်လှမ်းနိုင်ပါမည်။

အနာဂတ်မျှော်မှန်းချက်များ

အနာဂတ်တွင် ပုံရိပ်၊ ဆက်သွယ်ရေး၊ အဝေးမှ စောင့်ရှောက်ခြင်း၊ ဇီဝကမ္မတိုင်းတာခြင်း စသော နည်းပညာများဖြင့် ကလေးသူငယ် အမျိုးသမီး သက်ကြီးရွယ်အို စသည်တို့ကို အိမ်တိုင်ရာရောက် စောင့်ရှောက်ခြင်းနှင့်လုံခြုံရေး ဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက်သွားမည်။ “မပြောင်းလဲက ခေတ်နောက်ကျ၊ တီထွင်ပါမှ တိုးတက်ရ” ဟူသော ခံယူချက်ဆောင်ပုဒ် အတိုင်း အသိဉာဏ်ရှိသော လုံခြုံရေး စက်ရုပ်များ ဖွံဖြိုးတိုးတက်အောင် သုတေသနပြုဆောင်ရွက််မည် ဖြစ်ပြီး နည်းပညာအသိ၊ လူပီသသော ဝန်ဆောင်မှု တို့ဖြင့် ပြည်သူအများအတွက် အေးချမ်းပျော်ရွှင် သာယာလှပသော ဘဝများ ကို ဖန်တီးပေးပါမည်။

Tel: + 886 2 7719-9888
ဝဘ်ဆိုက် https://www.sks.com.tw/
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း
မြောက်ပိုင်းဒေသ 0800-097-668
အလယ်ပိုင်းဒေသ 0800-697-668
တောင်းပိုင်းဒေသ 0800-897-668
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် service@sks.com.tw

TOP