
ကုမ္ပဏီ ပရိုဖိုင်
သဘာဝ သားရဲတိရိစ္ဆာန်လေ့လာရေးစခန်း၊ အပန်းဖြေ ဋ္ဌာန၊ သဘာဝရေပူစမ်း SPA တို့ကို သွားရောက်လည်ပတ် အပန်းဖြေ ကာ ဒေသထွက် လတ်ဆတ်သော အသီးအရွက် အစားအသောက် အရသာ တို့ကို ခံစားနိုင်စေရန်၊ သဘာဝတရားနှင့်ကျေးလက်ဒေသ လူမှုဘဝ ၏ အေးချမ်းသာယာမှုတို့ဖြင့် အပန်းပြေစေရန် ဝန်ဆောင်မှုပေးသည်။
ဂဂုဏ်ပြုဆုတံဆိပ်များ
- ၂၀၁၀ ခုနှစ် ဝန်ဆောင်မှု အကောင်းဆုံး အပန်းဖြေ လယ်တော ဆု
- ၂၀၀၉ ခုနှစ် ဟိုတယ်ခရီး ဋ္ဌာနနှင့် ဟွားလျှံခရိုင် အသိအမှတ်ပြု ထိုင်ဝမ်အရှေ့ပိုင်း၏ ပထမဆုံးသော အပန်းဖြေ ရေပူစမ်းစခန်း
- ၂၀၀၄ ခုနှစ် ထူးချွန်ကောင်းမွန် အပန်းဖြေ လယ်တောဆု
- ၁၉၉၃ ခုနှစ် စီးပွားစီမံကိန်းကောင်စီ မှ ဟိုတယ်ခရီးသွားလုပ်ငန်းပိုမို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ရွေးခြယ်ခြင်းခံရသော ဒေသ
- ၁၉၉၀ ခုနှစ် စိုက်ပျိုးရေးဋ္ဌာန အသိအမှတ်ပြု ထိုင်ဝမ်အရှေ့ပိုင်း၏ ပထမဆုံးသော အပန်းဖြေ စခန်း
အားသာချက်များ
ရှင်းဖုန်းတံတား နှင့် လင်ရုံဘူတာ ဆောက်လုပ်ပြီးစီးသွားသောကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့လာပြီး အဆိုပါကျေးလက်ဒေသ အလှအပ နှင့် အစားအသောက်များကို ခံစားအပန်းဖြေရန် အတားအဆီးများမရှိတော့ပါ။
အနာဂတ်မျှော်မှန်းချက်များ
အနာဂါတ်ကာလတွင် ရှင်းကွမ်း ချောင်ဖုန်း အပန်းဖြေ လယ်တော စခန်းကို ချဲ့ထွင်ရန် အစီအစဉ် ချမှတ်ထားပြီး လာရောက်လည်ပတ် အပန်းဖြေသူများ သဘာဝတရားအလှအပများကိုသက်တောင့်သက်သာ ခံစားရင်း အမြဲ စိတ်ချမ်းမြေ့စေရန် လက်ရှိ စခန်းကို အလုံးစုံ ပြင်ဆင်မွမ်းမံထားသည်။ ထို့ပြင် ထိုင်ဝမ်၏ အကြီးမားဆုံးသော အပန်းဖြေ စခန်းဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်နေသည်။