MENU
ထိုင်ဝမ် ပြန်ပြည့်မြဲ စွမ်းအင် သုတေသန ဖောင်ဒေးရှင်း

ဝန်ဆောင်မှု အကြောင်းအရာမျာ

ပြန်ပြည့်မြဲစွမ်းအင်၊ အစိမ်းရောင် စီးပွားရေး၊ ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော လူမှုအသိုင်းအဝိုင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာ သုတေသနလုပ်ငန်းများ နှင့် ဆောင်ရွက်မှုတို့အား အများပြည်သူတို့ သတိပြု စိတ်ဝင်စားလာစေရန် နှင့် ထိုင်ဝမ်အား ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော နိုင်ငံအဖြစ် ကူးပြောင်းတက်လှမ်းနို်င်ရန် အောက်ပါအတိုင်း ဆောင်ရွက်သည်။
1. အစိုးရ အေဂျင်စီများအား ပေါ်လစီပိုင်းဆိုင်ရာ အကြံပေးခြင်း
2. တည်မြဲ စွမ်းအင် ပညာရပ်များ ကျယ်ပြန့်ထွန်းကားလာစေရန် တွန်းအားပေးခြင်း
3. နိုင်ငံတကာနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ခြင်း
4. ထိုင်ဝမ် တည်မြဲစွမ်းအင် စီးပွားရေး လုပ်ငန်း ဆုပေးပွဲ ကို လက်ခံကျင်းပပေးခြင်

ဂဂုဏ်ပြုဆုတံဆိပ်များ

  • ဖောင်ဒေးရှင်း၏ လက်ရှိ ဥက္ကဋ္ဌ နှင့် ပထမ ဥက္ကဋ္ဌ ပါမောက္ခ လျှောင်ကျုံးမင် နှစ်ဦးစလုံး ၂၀၁၀ ခုနှစ် Global View မဂ္ဂဇင်း နှင့် YAHOO!Taiwan ၏ “ထိုင်ဝမ် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သူရဲကောင်း “ အဖြစ် သီးခြားစီ ရွေးခြယ်ခံရသည်။
  • ပညာရေး ဝန်ကြီးဋ္ဌာန၏ (၉၉) ကြိမ်မြောက် အဖွဲ့အစည်းအဆင့် “ပြည်သူ့လူမှုဝန်ထမ်းဆု “
  • ပညာရေး ဝန်ကြီးဋ္ဌာန၏ (၁၀၀) ကြိမ်မြောက် လူပုဂ္ဂိုလ်အဆင့် “ပြည်သူ့လူမှုဝန်ထမ်းဆု “ ကို ဖောင်ဒေးရှင်း လက်ရှိ ဥက္ကဋ္ဌက ဆွတ်ခူးရရှိသည်။
  • ၂၀၁၁ ခုနှစ် ထိုင်ဝမ်-ပြည်မ နှစ်ဖက် ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း နှင့် ပြန်ပြည့်မြဲ စွမ်းအင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ဖိုရမ်တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန််းသိမ်းရေး ဦးစီးဋ္ဌာန ၏ ဗြိတိ်န်အရည်အသွေးဆိုင်ရာ အဖွဲ့အစည်း (BSI) အသိအမှတ်ပြု “တာဝန်ခံမှုရှိသော ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံး လုပ်ငန်းဆု” ကို ပြည်တွင်း လုပ်ငန်းရှင် အဖွဲ့အစည်းများထဲတွင် ပထမဆုံး ဆွတ်ခူးရရှိခဲ့သည်။
  • ထိုင်ဝမ်-ဂျာမာန် တည်မြဲစွမ်းအင် ဆိုင်ရာ ပညာရပ်ဖလှယ်ခြင်းတွင်လည်း ပါဝင် ဆောင်ရွက်ခဲ့သဖြင့် ထိုင်ဝမ် အခြေစိုက် ဂျာမာန် အင်စတီကျု့စ် ၏ “ဂျာမနီ-ထိုင်ဝမ် ချစ်ကြည်ရင်းနှီးမှု ဆု” ကို ရရှိခဲ့သည်။

အနာဂတ်မျှော်မှန်းချက်များ

အနာဂတ်ကာလတွင်လည်း ပြန်ပြည့်မြဲစွမ်းအင်နှင့်ပတ်သက်သော အကြောင်းအရာများကို ပြည်သူအများ စိတ်ပါဝင်စားလာစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်။ ပြန်ပြည့်မြဲစွမ်အင် နှင့် ပတ်သက်သော သုတေသနတွေ့ရှိချက်များနှင့် နည်းပညာများကို ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များ နှင့် သော်၎င်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်သော်၎င်း အပြန်အလှန် နှီးနှောဖလှယ်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်။ အများပြည်သူ နှင့် ကုန်ထုတ်စီးပွားရေးများမှ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ အရေးပါပုံကို သတိပြု အာရုံစိုက်လာစေရန် ပြန်ပြည့််မြဲစွမ်းအင်ဆိုင်ရာ စာပေ စာတမ်းများ ရိုက်နှိပ်ဖြန့်ချီမည်။ ထိုသို့ အင်ဂျင်နီယာနည်းပညာနှင့် ပညာတော်သင် အပြန်အလှန် ဖလှယ်ခြင်းဖြင့် ပြန်ပြည့်မြဲစွမ်းအင်နှင့် ပတ်သက်၍ ကြုံတွေ့နေရသော အခြေအနေ အရပ်ရပ်တို့ကို ပိုမိုနားလည်ဖြေရှင်းနိုင်မည် ဖြစ်ပြီး အကျိုးဆက် အနေဖြင့် ယင်းပညာရပ် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရန် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။

Tel: (02)2768-2655
ဝဘ်ဆိုက် https://taise.org.tw/index.php
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း (02)2768-2655
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် service@taise.org.tw

TOP