MENU
ရှင်းကွမ်း စွန့်ထွင်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်

ပရိုဖို်င်

တရုတ်ဒေသကို အဓိက စျေးကွက်ထားဆောင်ရွက်ပြီး ရင်းနှီးမြှုုပ်နှံမှုကို ဆိုင်ရာကဏ္ဍအလိုက် စေ့စပ်သေချာစွာ ကွင်းဆင်းလေ့လာ အကဲဖြတ်ခြင်း နှင့် Shin Kong ဘဏ္ဍာရေးဟိုးဒင်းလုပ်ငန်းစု (SKFH) ရှိ အခြားသော ကုမ္ပဏီများ၏ အရင်းအမြစ်များကို အသုံးချ၍ အကဲဖြတ်ခြင်းတို့ ဆောင်ရွက်သည်။

အားသာချက်များ

  • Shin Kong ဘဏ္ဍာရေးဟိုးဒင်း လုပ်ငန်းစု (SKFH)၏ စီးပွားရေးမဟာဗျူဟာဖြင့် ၂၀၀၁ ခုနှစ်တွင် Shin Kong ငွေစုငွေချေး ကုမ္ပဏီလီမိတက် (စူးကျို့) ကို ထူထောင်ပြီး ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသည်။
  • Shin Kong ငွေစုငွေချေး ကုမ္ပဏီလီမိတက်၏ လုပ်ငန်းဆောင်တာများ ဖွံ့ဖြိုးလာစေရန် ဆက်လက်ပံ့ပိုးပေးပြီး အကျိုးအမြတ် ပိုမိုရရှိစေသည့် ထိရောက်သော လုပ်ငန်းဆောင်တာ တိုးတက်ကျယ်ပြန့်မှုများ ဖြစ်ပေါ်လာသည်။
  • သုံးစွဲသူ(ဖောက်သည်) ရွေးခြယ်ရာတွင် ဒေသတွင်းရှိ အသေးစား နှင့် အလတ်စားလုပ်ငန်းများကို ခိုင်မာကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးပြီး ၊ စွန့်စားရမှု ထိန်းချုပ်သည့်အပိုင်း နှင့်ပတ်သက်၍ စွန့်စားရမှုကို ဖြန့်ထုတ်ရင်းနှီးခြင်းဖြင့် လျှော့ချပြီး ၊ သုံးစွွဲသူတစ်ဦးတစ်ယောက်ထဲတွင် များပြားစွာ ရင်းနှီးမြှုပ်နှံခြင်း မပြုသည့်နည်းလမ်းဖြင့် စွန့်စားရမှုကို ရှောင်ရှားသည်။
  • ရေတိုအနေဖြင့် စူးကျို့ နှင့် ရှန့်ဟိုင်ဒေသကြီး တွင် ဖွံဖြိုးတိုးတက်လာစေရန် ခြေကုပ်ယူဆောင်ရွက်မည်ဖြစ်ပြီး အနာဂတ်ကာလတွင် နို်င်ငံလုံးဆိုင်ရာ ငွေစုငွေချေး ကုမ္ပဏီကြီး ဖြစ်လာရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။
  • Shin Kong ငွေစုငွေချေး နှင့် Shin Kong ဘဏ်တို့ နီးကပ်စွာပူးပေါင်း၍ ပြည်မတွင်းသို့ ဝင်ရောက်လုပ်ကိုင်နေသော ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသည့် Shin Kong ဟောင်ကောင်ဘဏ်ခွဲ၏ လုပ်ငန်းဆောင်တာများကို ထောက်ကူပေးခြင်းဖြင့် အဆိုပါဒေသရှိ စီးပွားရေးလုပ်ငန်းများ တိုးတက်အခြေခိုင်လာပြီး ကုမ္ပဏီ၏ လုပ်ငန်းများပိုမို ကျယ်ပြန့် ဖွံ့ဖြိုးလာသည်။ ထိုပြင် အနာဂတ်တွင် Shin Kong ဘဏ် အနေဖြင့် တရုတ်ပြည်မစျေးကွက်သို့ ထိုးဖောက်ဝင်ရောက် လုပ်ကိုင်နိုင်မည့် အခြေခံအုတ်မြစ်ကို ချမှတ်ပေးသည်။

အနာဂတ်မျှော်မှန်းချက်များ

အလားကောင်းသော၊ အလျင်အမြန် ဖွံ့ဖြိုးလာနိုင်ချေရှိသည့် လုပ်ငန်းများကို ဆက်လက်ရှာဖွေ၍ ရင်းနှီးမြှုပ်နှံမည်။ ရင်းနှီးမြှုပ်နှံမှု၏ ငွေဖြစ်လွယ်မှု နှင့် လုံခြုံစိတ်ချရမှုကို အမြဲမပြတ်စောင့်ကြည့် တိုင်းတာပြီး အကျိုးအမြတ်အများဆုံးရရှိရန် အခြေအနေ အချိန်အခါကိုလိုက်၍ ရင်းနှီးမြှုပ်နှံမှုပုံစံများ ပြောင်းလဲဆောင်ရွက်သွားမည်။

Tel: + 886 2 2389-5858

TOP