MENU
Shin Kong မစ်ဆူကိုရီစတိုုးဆိုုင်ကြီး

ပရိုဖို်င်

သုံးစွဲသူ ပထမ၊ ပျူငှာသောဝန်ဆောင်မှု ဟူသောဒဿနကို ကိုင်ဆွဲပြီး ကျယ်ပြန့်ပြီး အလင်းရောင် ကောင်းမွန်သောနေရာတွင် ကုန်ပစ္စည်းအမျိုးအစား အစုံအလင်ကို ရောင်းချပေးသည်။ မြို့ပြ လူနေမှုစနစ် စျေးဝယ်ခြင်းအလေ့အထကို မြှင့်တင်ပေးပြီး စုံလင်သောဝန်ဆောင်မှုဖြင့် မြို့ပြ၏ အရောင်အသွေးကို ဆန်းသစ်တောက်ပစေသည်။

ဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၁၃ ခုနှစ် Manager Today မှ ရွေးခြယ်သော စတိုးဆိုင်ကဏ္ဍတွင် လွှမ်းမိုးမှုအရှိဆုံးသော အမှတ်တံဆိပ်ဆု
  • ၂၀၁၁ ခုနှစ် CommomWealth မဂ္ဂဇင်း၏ ဝန်ဆောင်မှုဆို်င်ရာရွှေတံဆိပ် ဆု
  • ၂၀၁၀ ခုနှစ် ကောင်းရှုံ Landscape and Design ပြိုင်ပွဲ ပထမဆု
  • ၂၀၀၉ ခုနှစ် Global View လစဉ််စာစောင်၏ ဝန်ဆောင်မှု အရည်အသွေး စစ်တမ်း တွင် နံပတ် (၁) နေရာ
  • ၂၀၀၈ ခုနှစ် အာရှပစိဖိတ် လက်လီဆို်င် ထိပ်သီး ၅၀၀ တွင် ထိုင်ဝမ် ဒေသ၏ ကြေးတံဆိပ် ဆု

အားသာချက်များ

  • ထိုင်ဝမ်အကြီးဆုံး ချိတ်ဆက် စတိုးဆိုင်ကြီး ဖြစ်ပြီး ဆိုင်ခွဲ ပေါင်း ၁၃ခု နှင့် ဆိုင်ခန်း ၂၂ ခန်း ရှိကာ နှစ်စဉ် လာရောက်လည်ပတ် ဝယ်ယူသူပေါင်း သန်း (၁၀၀) ရှိသည်။
  • အထူးကုန်စည်ကောင်တာပေါင်း (၈၀၀၀) ကျော်ရှိ၍ လာရောက်သူတိုင်း၏ လိုအပ်ချက်ကို ကောင်းစွာဖြည့်ဆည်း ပေးလျက်ရှိသည်။
  • ရိုးရာ ယဉ်ကျေးမှု၊ ပြောင်မြောက်သော အနုပညာလက်ရာနှင့် အမျိုးမျိုးသော အခမ်းအနားများကို အသုံးပြု၍ အမြဲမပြတ် အရောင်းမြှင့်တင်ခြင်းကို ဆောင်ရွက်သဖြင့် လူသိများ ကျော်ကြားထင်ရှားသော အမှတ်တံဆိပ်ဖြစ်သည်။

အနာဂတ်မျှော်မှန်းချက်များ

“ကမ္ဘာကြီးကို ကြည့်ရှုသုံးသပ်ပြီး ဒေသခံများအတွက် ထည့်သွင်းစဥ်းစားခြင်း” သည် Shin Kong Mitsukoshi ၏ တသမတ်တည်း ကြိုးစားအားထုတ်ရန် ဦးတည်ချက်ဖြစ်သည်။ အနာဂတ်တွင် Shin Kong Mitsukoshi သည် တူညီသော စီးပွားရေးအတွေးအခေါ်ကို ‌ထောက်ခံပြီး စီးပွားရေးလုပ်ငန်း လူမှုဆက်ဆံရေးတာဝန်ယူမှုအတွက် ပြည့်ဝစွာ ဖြည့်ဆည်းပေးခြင်းဖြင့် ဒေသခံပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်‌ရေးကို အထောက်အကူပြုမည်။ ထိုနည်းဖြင့် လူသားများအား ပိုမိုသာယာပြီး လှပသောဘဝ အတွေ့အကြုံများကို ယူဆောင်လာပေးမည်။

Tel: (02)8789-5599
ဝဘ်ဆိုက် https://www.skm.com.tw/

ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း 0800-008-801
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် service1@skm.com.tw

TOP