
ပရိုဖို်င်
ဝန်ဆောင်မှုကို အဓိကထားသော ကျောင်းသားအဖွဲ့အစည်းများ၊ စွမ်းဆောင်မှုများကို ကူညီထောက်ပံ့ပေးခြင်း။ ကလေးသူငယ် မဖွံ့ဖြိုး မသန်စွမ်းသူများ ဖေးမကူညီ နှစ်သိမ့်အားပေးခြင်း လှုပ်ရှားမှု၊ ကလေးသူငယ် လူရွယ်လူငယ်များ စိတ်ကျရောဂါ မဖြစ်ပွားစေရန် ကာကွယ်ကုသပေးခြင်း၊ သူငယ်လူရွယ် ပညာရေးနှင့် ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ဝန်ဆောင်မှု အကြောင်းအရာများ
ဖောင်ဒေးရှင်းအနေဖြင့် ကလေးသူငယ် လူရွယ်လူငယ်များ၏ ကာယ ဉာဏ နှစ်ဖြာလုံး ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းချက်ထား စောက်ချလုပ်ကို်င်လျက်ရှိသည်။ ငွေကြေးထောက်ပံ့ လှူဒါန်းခြင်း၊ တွဲခေါ်လမ်းညွှန်ခြင်း တို့ဖြင့် ကလေးသူငယ် လူရွယ်လူငယ်များ ကောင်းစွာဖွံ့ဖြိုး ကြီးပြင်းလာစေရန် စောင့်ကြည့်ဂရုပြုပေးသည်။ ကျန်းမာစွာ အပန်းဖြေ အနားယူ ကစားခြင်းတို့ကို မျှတစေရန် အားပေး မြေတောင်မြှောက် ပေးခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ နှင် ့စိတ်ပိုင်းဆိုင်ရာ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးသည်။
အနာဂတ်မျှော်မှန်းချက်များ
လူမှုဘဝသာယာဖူလုံရေး ကူညီဆောင်ရွက်ခြင်း ၊ လူကောင်းလူတော်များ ဖြစ်စေရန် မြေတောင်မြှောက်ပေးခြင်း၊ ဆေးကုသ ဝန်ဆောင်မှုပေးခြင်းဖြင့် နိုင်ငံသားတိုင်း၏ ဘဝ အဆင့်အတန်းမြင့်မားလာကာ သာယာဝပြောသော လူမှုအသိုင်းအဝိုင်း ဖြစ်ထွန်းလာစေရန် ရည်မှန်းချက်ထား ပါသည်။