MENU
Shin Kong မစ်ဆူကိုရှီ စာပေယဉ်ကျေးမှု ဖောင်ဒေးရှင်း

ဝန်ဆောင်မှု အကြောင်းအရာမျာ

Shin Kong မစ်ဆူကိုရှီ စာပေ ယဉ်ကျေးမှု ဖောင်ဒေးရှင်း သည် ရှိရင်းစွဲလူမှု အလှတရားများ ထိန်းသိမ်းရေး၊ စာပေအနုပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်း မြင့်မားသော လူမှုပတ်ဝန်းကျင်ကို ဖန်တီးရေး ဟူသော အချက်များကို ကိုင်စွဲဦးတည်လုပ်ဆောင်သည်။ နို်င်ငံတကာနှင့် ယဉ်ကျေးမှုအနုပညာရပ်ဆိုင်ရာ ကိစ္စရပ်များကို ဖလှယ်ခြင်းဖြင့် အနုပညာစွမ်းရည်များ နှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သည်။ ဖောင်ဒေးရှင်းသည် Shin Kong မစ်ဆူကိုရှီ စတိုးဆိုင်များတွင် ပန်းချီနှင့်ဓါတ်ပုံ ပြပွဲများ၊ လက်မှုပြပွဲများ၊ ကလေးပန်းချီပြပွဲများကို ပြည်သူများအတွက် အခမဲ့ ကျင်းပပေးပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်သည့် ဥပမာကောင်းများ ချမှတ်ပေးခဲ့သည်။

အနာဂတ်မျှော်မှန်းချက်များ

အနုသုခုမ ပညာရပ်များဆက်လက်တိုးတက်အောင်ဆောင်ရွက်မည်ဖြစ်ပြီး ကြီးမားကျယ်ပြန့်သော ယဉ်ကျေးမှုဖလှယ်ရာ ဇာတ်ခုံအဖြစ်ဆောင်ရွက်ခြင်းဖြင့် “ သက်ဝင်လှုပ်ရှား အနုပညာ၊ အနုပညာမြောက် ဘဝ” ဟူသော အတွေးအခေါ်အတိုင်း တိုးတက်ထွန်းကားသော ထိုင်ဝမ် ယဉ်ကျေးမှု အနုပညာကို ကမ္ဘာ့ဇာတ်ခုံ စင်မြင့်သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

Tel: (02)8789-5599
ဝဘ်ဆိုက် https://culture.skm.com.tw/
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း 0800-008-808
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် culture@skm.com.tw

TOP