MENU
ထိုင်ပေ Shin Kong ဝူ ဖောင်ဒေးရှင်း

ပရိုဖို်င်

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဒေသလူမှုရေး ဝန်ဆောင်မှု နှင့် ဆင်းရဲနွမ်းပါး ချို့တဲ့သူများ လူမှုဖူလုံရေး စသော ပရဟိတလုပ်ငန်းများကို ဆောင်ရွက်သည်။

ဝန်ဆောင်မှု အကြောင်းအရာမျာ

စီးပွားရေးလုပ်ငန်းများ၊ အစိုးရ နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၏ အရင်းအမြစ်များကို စုစည်းကာ အချိန်မှန် Shin Kong ဟောပြောပွဲ၊ Shin Kong သာယာလှပ လူမှုဘဝ ဆွေးနွေးဟောပြောပွဲ၊ ရပ်ကွက်စာကြည့်တိုက် ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးပြီး စိတ်ကျရောဂါ ခံစားနေရသောသူများကို ဖော်ထုတ်နှစ်သိမ့်ကုသခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုမှ ကာကွယ်နိုင်ရန် ပညာပေးဖြောင်းဖြခြင်း၊ အထီးကျန် သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ခြင်း၊ အားနွဲ့သူ ကလေးငယ်များ ပြုစုစောင့်ရှောက်ခြင်း (မိဘမဲ့ ကလေးများဂေဟာသို့ သွားရောက်ကာ မေတ္တာမျှဝေအားပေးခြင်း၊ ချို့တဲ့ကလေးများအား အပိုကျူရှင်များ စီစဉ်ပေးခြင်း)၊ အိမ်တိုင်ရာရောက် အကူအညီပေးစောင့်ရှောက်ခြင်း စသည့် လူမှုဖူလုံရေး ကိစ္စရပ်များကို တက်ကြွစွာ ဆောင်ရွက်သည်။

အနာဂတ်မျှော်မှန်းချက်များ

အနာဂတ်ကာလတွင် ယခုကဲ့သို့သော စိတ်ဓါတ်အားမာန်ဖြင့် ပိုမိုပြည့်ဝကောင်းမွန်သော ပြည်သူအကျိုးပြု ပရဟိတ ဝန်ဆောင်မှုများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

Tel: (02)2769-0515
ဝဘ်ဆိုက် http://www.skwf.org.tw/
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း (02)2769-0515
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် skwf1@skwf.org.tw

TOP