MENU
Shin Kong ပေါင်းစပ်ဓါတုဖိုင်ဘာကုမ္ပဏီ

ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

  1. ဓါတုပေါင်းစပ်ဖိုင်ဘာ၊ ပလပ်စတစ် နှင့် အလင်းရောင်သုံး အီလက်ထရောနစ် ကုန်ပစ္စည်း စသည့်ထုတ်ကုန်များအပြင် industrial yarn, polyester textured yarn, polyester staple fiber, ပလပ်စတစ်ဗူးကြည် ထုတ်လုပ်ရာတွင် အသုံးပြုသော PET ကော်စေ့၊ PET ဗူးများ၊ အင်ဂျင်နီယာသုံးပလပ်စတစ်၊ polyester ဖလင်လိပ်များ၊ optical films နှင့် PET ချပ်များ ကို ထုတ်လုပ်သည်။ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်သော အောက်ပါကုန်ပစ္စည်းများကို လည်းထုတ်လုပ်သည်။
  2. သဘာဝနှင့်သဟဇာတဖြစ်သော ပေါင်းစပ် ဖိုင်ဘာ၊ ဟေလိုဂျင်ဓါတ်မပါသော အင်ဂျင်နီယာသုံး ပလပ်စတစ်၊ တိုက်တေနီယမ် ဓါတ်ကူ PET ကော်စေ့၊ သိပ္ပံထုတ်ကုန်ဖြစ်သော ဉာဏ်ရည်မြင့်အဝတ်အထည် ထုတ်လုပ်ရာတွင် အသုံးပြုသည့် စမတ်ဖိုင်ဘာ။

ဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၁၃ ခုနှစ် စီးပွားကူးသန်းဝန်းကြီးဋ္ဌာနမှ ချီးမြှင့်သော “စွမ်းအင် ချွေတာခြင်း ဆန်းသစ်တီထွင်ဆု”
  • ၂၀၁၂ ခုနှစ် ထောင်ရွမ်ခရိုင်၏ သန့်ရှင်းသော စွမ်းအင် လုပ်ငန်း ဆု
  • ၂၀၁၁ ခုနှစ် မသန်မစွမ်သူများကို အလုပ်ပေးခြင်းဖြင့် ရရှိသော ထို်င်ပေမြို့တော် လူမှုဝန်ထမ်း ဆု
  • ၂၀၁၀ ခုနှစ် စီးပွားကူးသန်းဝန်းကြီးဋ္ဌာနမှ ချီးမြှင့်သော “စွမ်းအင် ချွေတာခြင်း ဆု”
  • ၂၀၀၉ ခုနှစ် စီးပွားကူးသန်းဝန်းကြီးဋ္ဌာနမှ ချီးမြှင့်သော “ကောင်းမွန်သည့် စက်မှုလုပ်ငန်း ဆု”

အားသာချက်များ

  1. လက်ရှိ အချိန်တွင် ထိုင်ဝမ်၊ တရုတ်ပြည်မ၊ ဂျာမနီ၊ ထိုင်း နိုင်ငံတို့တွင် စျေးကွက်တည်ရှိပြီး ကမ္ဘာ့စျေးကွက်၏ လိုအပ်ချက်အလုံးစုံ ကို ဖြည့်ဆည်းပေးနိုင်သော ထုတ်လုပ်နိုင်စွမ်း နှင့် စျေးကွက်ရရှိပြီး ဖြစ်သည်။
  2. ဓါတုပေါင်းစပ်ဖိုင်ဘာထုတ်လုပ်ခြင်းဖြင့် အစပြုခဲ့သော်လည်း ယနေ့အချိန်တွင် မတူညီသော ကုန်ပစ္စည်း အမျိုးအစား ပေါင်းမြောက်မြားစွာ ကို ဆက်လက်ထုတ်လုပ်နိုင်ခဲ့သည်။ ထုတ်ကုန် ကဏ္ဍတိုးချဲ့ရာတွင် အလင်းရောင်သုံးလျှပ်စစ်ပစ္စည်း လုပ်ငန်း အသုံးချ ကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်လာနိုင်သောကြောင့် အီလက်ထရောနစ်လုပ်ငန်း၊ မော်တော်ယာဉ် လုပ်ငန်း နှင့် အလင်းရောင်သုံးလျှပ်စစ်ပစ္စည်း လုပ်ငန်း များအတွက် တန်ဖိုးမြင့် အစိတ်အပိုင်းများ ပေးသွင်းသူဖြစ်လာသည်။
  3. သဘာဝနှင့်သဟဇာတဖြစ်သော ပေါင်းစပ် ဖိုင်ဘာ၊ ဟေလိုဂျင်ဓါတ်မပါသော အင်ဂျင်နီယာသုံး ပလပ်စတစ်၊ တိုက်တေနီယမ် ဓါတ်ကူ PET ကော်စေ့၊ ဉာဏ်ရည်မြင့်အဝတ်အထည် ထုတ်လုပ်ရာတွင် အသုံးပြုသည့် စမတ်ဖိုင်ဘာ စသည့် ထုတ်ကုန်များသည်လည်း နိုင်ငံတကာ ထုတ်လုပ်ရေး ကုမ္ပဏီကြီးများမှ အသုံပြုသောကြောင့် အဆိုပါ ကဏ္ဍတွင်လည်း စျေးကွက် ဦးဆောင်ကုမ္ပဏီ ဖြစ်လာသည်။

အနာဂတ်မျှော်မှန်းချက်

ပကတိတရားတိုင်းဆောင်ရွက်ခြင်း၊ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ခြင်း၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိခြင်း၊ အပြန်အလှန် ယုံကြည်မှုရှိသော အသင်း စသည်တို့ကို ကုမ္ပဏီ ၏ အခြေခံမူဝါဒ အဖြစ်ချမှတ်ထားပြီး ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ကာ စဉ်ဆက်မပြတ် တိုးတက်သော နည်းပညာမြင့် ကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည် သွားမည်။

Tel: (02)2507-1251
ဝဘ်ဆိုက် http://www.shinkong.com.tw/
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း (02)2507-1251
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် http://www.shinkong.com.tw/front/contact

TOP