MENU
Shin Kong ဘဏ် စာပေယဉ်ကျေးမှု ဖောင်ဒေးရှင်း

ပရိုဖို်င်

ပြည်တွင်းပြည်ပ ဘဏ္ဍာရေးဆိုင်ရာများကို သုတေသနပြုလုပ်ရန်၊ ရပ်ကွက်တွင်းသင်ပညာရေးစနစ် ဖွံ့ဖြိုးစေခြင်း၊ လူမှုဘဝ သက်သာချောင်ချိရေး လုပ်ငန်းများကို ဆောင်ရွက်သည်။

ဝန်ဆောင်မှု အကြောင်းအရာမျာ

ဖောင်ဒေးရှင်း သည် လွန်ခဲ့သောနှစ်များမှ စတင်ကာ အနုပညာ အဖွဲ့အစည်းများ၏ စာပေယဉ်ကျေးမှုအနုပညာနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ နှင့် ကျေးလက်ဒေသနေ ကလေးသူငယ်များ၏ ပညာရေးဖွံ့ဖြိုးရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်လာစေရန် ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် စာပေပညာရေးအဆင့် မြင့်မားလာစေရန် ဆောင်ရွက်သည်။ ယင်းတို့ဆောင်ရွက်ချက်များတွင် နိုင်ငံတဝှမ်း ရှင်းကွမ်း ကလေးသူငယ်အဆင့် ပန်းချီပြိုင်ပွဲများကျင်းပပေးခြင်း၊ လျှိုကွေး ကျေးလက်ဒေသ ကျောင်းနေသူငယ် ပညာရေး နှင့် ကိုယ်ကာယ လှုပ်ရှားမှု စသည့် ဆောင်ရွက်ချက်များ ပါဝင်သည်။

အနာဂတ်မျှော်မှန်းချက်များ

ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်အတိုင်း လူမှုဘဝ သာယာလှပရေး ပညာရပ်ဆိုင်ရာ ကိစ္စရပ်များ ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည်။ စာပေ ပညာဖွံ့ဖြိုးတိုးတက်ရေး၊ အားလပ်ချိန်ကိုယ်ကာယ လှုပ်ရှားမှု တို့ကို အားပေးကူညီ၍ လူမှုပရဟိတ လုပ်ငန်းများကို ငွေကြေးထောက်ပ့ံမည်။ ပညာရေးအဖွဲ့အစည်းများ နှင့် လူမှုရေး အဖွဲ့အစည်းများ လက်တွဲ၍ လူမှု ပညာရေး လှုပ်ရှားမှုများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လူမှုရေးနှင့်ပညာရေး အဆင့်အတန်းများ တိုးတက်မြင့်မားလာမည် ဖြစ်သည်။

ဝဘ်ဆိုက် https://skbfound.skbank.com.tw/

TOP