MENU
လူနေတိုက်တာ စီမံခန့်ခွဲထိန်းသိမ်းရေး ကုမ္ပဏီလီမိတက်

ကုမ္ပဏီ ပရိုဖိုင်

၁၉၈၈ ခုနှစ်တွင် စတင်ထူထောင်သော Shin Kong Life Real Estate Service ကုမ္ပဏီ သည် Shin Kong လုပ်ငန်းစု(SKFH) ၏ ခံယူချက်ဖြစ်သော “ ပြောင်းလဲမှုမရှိက၊ ခေတ်နောက်ကျ ” ဟူသော ဆောင်ပုဒ်ကို ကိုင်စွဲ၍ “ ကျွမ်းကျင်မှု၊ ရိုသားမှု၊ ဝန်ဆောင်မှု၊ ဆန်းသစ််တီထွင်မှု ” စသည်တို့ကို အခြေခံမူ အဖြစ်ခံယူကာ ဝန်ဆောင်မှုပေးသည်။ ဝန်ဆောင်မှုများမှာ လူနေတိုက်တာအဆောက်အအုံများ၏ လုံခြုံရေး၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင် သာယာလှပစေရန်ဆောင်ရွက်ခြင်း၊ ရာသီအလိုက်ပွဲလမ်းသဘင် စီမံခြင်း၊ ယာဉ်ရပ်နားကွင်းများကို စီမံခန့်ခွဲခြင်း၊ ဆေးရုံ ဆေးခန်း ရှိ ကိရိယာ တန်ဆာပလာများ ပြုပြင်ထိန်းသိမ်းခြင်း၊ အိမ်ခြံမြေ စီမံ ခန့်ခွဲခြင်း၊ အလှဆင်ခြင်း၊ ငှားရမ်းခြင်း၊ ရောင်းဝယ်ခြင်း၊ အစီအစဉ်ချခြင်း၊ အကြံပေးခြင်း တို့ကို ဆောင်ရွက်သည်။

ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

တိုက်တာအဆောက်အအုံများ ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အဆောက်အအုံဝင်း သာယာလှပစေရန် ဆောင်ရွက်ခြင်း၊ ရာသီအလိုက်ပွဲလမ်းသဘင် စီမံခြင်း၊ ယာဉ်ရပ်နားကွင်းများကို စီမံခန့်ခွဲခြင်း၊ ဆေးရုံ ဆေးခန်း ရှိ ကိရိယာ တန်ဆာပလာများ ပြုပြင်ထိန်းသိမ်းခြင်း၊ အိမ်ခြံမြေ စီမံ ခန့်ခွဲခြင်း၊ အလှဆင်ခြင်း၊ ငှားရမ်းခြင်း၊ ရောင်းဝယ်ခြင်း၊ အစီအစဉ်ချခြင်း၊ အကြံပေးခြင်း တို့ကို ဆောင်ရွက်သည်။

ဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၁၃ ခုနှစ် တရုတ် သမ္မတ နိုင်ငံ(ထိုင်ဝမ်) ဆယ့်တစ်ကြိမ်မြောက် ရွှေမီးရှုးတိုင်ဆု
  • ၂၀၁၃ ခုနှစ် လျှပ်စစ်နှင့်စက်မှု ဆိုင်ရာ စီမံခန့်ခွဲမှု ISO-9001:2008 လက်မှတ်
  • ၂၀၀၈ ~၂၀၁၃ ခုနှစ် (၆) နှစ်ဆက်တိုက် Credit Information Service မှ ချီးမြှင့်သော အိမ်ခြံမြေဝန်ဆောင်မှု ပထမဆု
  • ၂၀၀၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိမ်ခြံမြေ ဖက်ဒရေးရှင်း (FIABCI) ၏ အိမ်ခြံမြေလုပ်ငန်းဆု
  • ၂၀၀၅ ခုနှစ် လျှပ်စစ်နှင့်စက်မှု ဆိုင်ရာ စီမံခန့်ခွဲမှု ISO-9001:2000 လက်မှတ်
  • ၁၉၉၅ ခုနှစ် အကောင်းဆုံးစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှု ရွှေတံဆိပ်ဆု

အနာဂတ်မျှော်မှန်းချက်များ

  1. ကုမ္ပဏီ၏ ရှေ့ဆောင် ပရော်ဖက်ရှင်နယ် အစီအစဉ်ချ စီမံခန့်ခွဲမှု၊ အပြုသဘောဆောင်မှု၊ အသေးစိတ် ဆောင်ရွက်တတ်မှု စသော ဒဿနများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်။
  2. ဝန်ဆောင်မှု ပိုမိုကျယ်ပြန့် နက်ရှိုင်းလာစေရန် ကြိုးပမ်းခြင်း၊ သန့်ရှင်းသောစွမ်းအင် ပိုမိုအသုံးချလာနိုင်စေရန် နှင့် သက်တောင့်သက်သာရှိပြီး လုံခြုံသည့် ပြီးပြည့်စုံသော လူမှုပတ်ဝန်းကျင်ကိုဖော်ဆောင်ရန် အလုံစုံသော ဝန်ဆောင်မှုကိုပေးအပ်မည်။
  3. ကုမ္ပဏီ၏ ဝန်ဆောင်မှုကို ရယူသူများနှင့် ထိုသူတို့၏ ဖောက်သည်များအကြား နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းစေသည့် အခြေအနေကိုဖန်တီးပေးပြီ ယုံကြည်စိတ်ချရမှု အရှိဆုံးသော ကုမ္ပဏီ အဖြစ်ဆက်လက် ရပ်တည်မည်။

Tel: (02)2502-1363
ဝဘ်ဆိုက် https://www.skhb.com.tw/web/index.aspx
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း 0800-050-255
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် skhb080@skhb.com.tw

TOP