MENU
ရှင်းဟို်င် ဓာတ်ငွွေ့ ကော်ပိုရေးရှင်

ပရိုဖို်င်

Shin Hai Gas Corp. သည် စမ်းချုံ၊ ဘန့်ချောင် နှင့် ရှင်းချောင် ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ နှင့် အိမ်ထောင်စုပေါင်း (၂၈၈ ၀၀၀ )ကို သဘာဝ ဓာတ်ငွေ့ ဖြန့်ဖြူး ပေးလျှက် ရှိသည်။ ဓာတ်ငွေ့ ဖြန့်ဖြူး ရေး အပြင်ဓာတ်ငွေ့ပိုက်လိုင်းတပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း ဆောင်ရွက်သည်။ ထို့ပြင် ဓာတ်ငွေ့ပိုက်လိုင်းအတွင်း ဆက်သွယ်ရေး ဖိုင်ဘာလိုင်းများ ထည့်သွင်းတပ်ဆင်ပြီး အစိုးရထံမှ လိုင်စင်ရယူကာ ဝန် ဆောင်မှု ပေးလျှက် ရှိသည်။

ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

သဘာဝ ဓာတ်ငွေ့ နှင့် အတန်းအစား(၁) ဆက်သွယ်ရေး ဝန်ဆောင်မှုု

ဂုဏ်ပြုဆုတံဆိပ်များ

၂၀၁၁ ခုနှစ် စီမံခန့်ခွဲရေး နှင် ့ဝန်ဆောင်မှု ဆိုင်ရာ ISO 9001:2008 (CNS 12682) လက်မှတ်။

အားသာချက်များ

သဘာဝဓါတ်ငွေ့လုပ်ငန်း လုပ်ကိုင်ရန် ပမာဏ အလွန်များပြားသော ငွေကြေးအရင်းအနှီးများကို အသုံးပြု၍ ရင်နှီးမြှုပ်နှံရန် လိုအပ်သည်။ ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုပေးနေသော ဒေသတွင် သွယ်တန်းထားသော ပိုက်လိုင်းစုစုပေါင်း အရှည် (၇၈) ကီလိုမီတာ ရှိသည်။ ထိုသို့ ပိုက်လိုင်းများ သွယ်တန်းခြင်းကို အချိန်တို အတွင်း မဆောင်ရွက်နို်င်ပါ။ ယင်းသို့သော အကြောင်းအရာများကြောင့် ဤဝန်ဆောင်မှု နယ်ပယ်သို့ အခြားကုမ္ပဏီသစ်များ ဝင်ရောက်ယှဉ်ပြိုင် လုပ်ကိုင်နိုင်စွမ်း မရှိပါ။

အနာဂတ်မျှော်မှန်းချက်များ

  • ဝန်ဆောင်မူအရေအသွေး ပိုမိုမြင့်မား လာစေရန် နှင့် ဓာတ်ငွေ့ ဖြန့်ဖြူး မှုကို တည်ငြိမ်စေရန် တရုတ်ပြည်မ CPC ကော်ပိုရေးရှင်း နှင့် ပူးပေါင်း၍ ဝူးဂုခရိုင် တွင် ဓာတ်ငွေ့ဖြန့် ဖြူးရုံကို တည်ဆောက်ထားသည်။
  • မတော်တဆဖြစ်ရပ်များ နှင့် အခြားသော ထိခိုက်ပျက်စီးမှုများ မှ ကာကွယ်ရန် အဆောက်အအုံကြီးများတွင် ငလျင်ဒဏ်ခံနိုင်သော ဓာတ်ငွေ့ပိုက်လိုင်းများကို တပ်ဆင်ပြီး ပိုက်လိုင်းများ ပိုမို ကြံ့ခိုင်စေရန် ဆောင်ရွက်သည်။ အနာဂတ်ကာလတွင် ပေါ်ပေါက်လာနိုင်သော ဘေးအန္တယ်များကို ရင်ဆိုင်ရန်နှင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးသာ ဖြစ်စေရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး စင်တာများကို ထူထောင်ထားသည်။
  • တိုင်ပေမြို့သစ် ဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ လိုက်လျောညီထွေမှု ရှိစေရန် နှင့် သုံးစွဲသူတို့၏ တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်ရန် ဓာတ်ငွေ့ ပိုက်လိုင်းသစ်များကို သွယ်တန်းပေး သည့်အပြင် ရေပိုက်လိုင်းများ နှင့် အညစ်အကြေး ပိုက်လိုင်းဆိုင်ရာ အင်ဂျင်နီယာ ကိစ္စရပ်များတွင် ပါဝင် ကူညီခဲ့သည်။ ထို့ အပြင် ပိုက်လိုင်းများပိုမိုကြံ့ခိုင်လာစေရန် ဆောင်ရွက်ခြင်း လိုအပ်ပါက အသစ်လဲလှယ်ခြင်းများကိုလည်း ဆောင်ရွက်သည်။
  • ဒေသခံ မဟုတ်သောသူများကို အခြားသော လောင်စာများ အစား သဘာဝဓာတ်ငွေ့ကို အသုံးပြုရန် ကုမ္ပဏီ မှ တက်ကြွစွာ တိုက်တွန်းသည်။ ထို့ပြင် စွမ်းဆောင်ရည်မြင့် ဓာတ်ငွေ့မီးဖိုများကို သုံးစွဲသူများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရန် ကိုယ်ပိုင်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးသည်။
  • သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးခြင်း ဆိုင်ရာ ဥပဒေ စည်းမျဉ််းစည်းကမ်းများ နှင့်အညီ ကွန်ပြူတာ စနစ်သုံး ဒစ်ဂျစ်တယ် ဓာတ်ငွေ့မီတာများ ပိုမို သုံးစွဲလာစေရန် ဆောင်ရွက်သည်။ ဓာတ်ငွေ့ပိုက်လိုင်း ကွန်ယက်၏ လုံခြုံရေး စောင့်ကြည့်မှုစနစ် ပိုမိုတိုးတက် လာစေရန် အလို့ငှာ GIS ( Geographic Information Systems ) စနစ်ကို တပ်ဆင်ရန် ဆက်လက်လုပ်ဆောင် သွားပါမည်။
  • ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်ရန်၊ သုံးစွဲသူများ နှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေး ဖြစ်ပေါ်စေရေးအတွက် အီလက်ထရောနစ် ငွေတောင်းခံသည့် စနစ် နှင့် မာလ်တီမီဒီယာ သတင်း အချက်အလက် ပလက်ဖောင်း ပါဝင်သော ကုမ္ပဏီဝက်ပ်ဆိုက်ကို လွှင့်တင်ထားသည်။

Tel: + 886 2 2982-1131
ဝဘ်ဆိုက် https://www.shinhaigas.com.tw/
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း (02)2992-1030
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် data@shinhaigas.com.tw

TOP