MENU
မာစတာလင့်ခ်အာမခံ

ပရိုဖို်င်

MasterLink Securities (ML) ကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ML သည် ထိုင်ဝမ်နိုင်ငံ၏ အသစ်ဖွင့်လှစ်လိုက်သော ငွေချေးလုပ်ငန်းများ၏ ပထမဦးဆုံးအသုတ်တွင် ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် Shin Kong Financial Holdings ၏ ၁၀၀% ပိုင်ဆိုင်သော လက်အောက်ခံကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။ ML သည် ဖောက်သည်များအား အရည်အသွေးမြင့် ငွေကြေးဆိုင်ရာအချက်အလက်များကို ပေးစွမ်းနိုင်ရန် “ဂုဏ်သိက္ခာ ၊ ဖောက်သည်၏ စိတ်ကျေနပ်မှု ၊ ပရော်ဖက်ရှင်ဆန်ဆန် ဆန်းသစ်တီထွင်မှု နှင့် win-win အခြေအနေကို ဖန်တီးမှု” ဟူသော စီးပွားရေးဆိုင်ရာ သမာဓိကို အခြေခံထားသည့်အပြင် “တက်ကြွမှု ၊ အပြုသဘောဆောင်မှု ၊ စိတ်အားထက်သန်မှု ၊ အလုပ်အပေါ် စူးစိုက်နှစ်မြှုပ်ထားမှု” ဟူသော လုပ်ငန်းနှင့် သက်ဆိုင်သော စိတ်ဓာတ်ကို ထားရှိထားသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု ထုတ်ကုန်နှင့် ဝန်ဆောင်မှုများစွာကို ချဲ့ထွင်ထားသည်။ ငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းစံအမှတ်တံဆိပ်တစ်ခုဖြစ်ပေါ်လာရန်လည်း မျှော်လင့်လျက်ရှိသည်။

ဝန်ဆောင်မှု အကြောင်းအရာမျာ

ဖောက်သည်များ၏ ငွေရေးကြေးရေးဆိုင်ရာ ဘက်စုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပရော်ဖက်ရှင်နယ်ဆန်ဆန် ဖောက်သည်စိတ်ကြိုက် ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ အကြံပေးဝန်ဆောင်မှုများ နှင့် ပြည့်စုံသော ငွေရေးကြေးရေးဆိုင်ရာ ထုတ်ကုန်များကို ပံ့ပိုးပေးလျက်ရှိသည်။

ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

အာမခံချေးငွေစာချုပ် ၊ မိမိကိုယ်တိုင် အရောင်းအဝယ် အာမခံချေးငွေစာချုပ် ၊ အပ်နှံထားသော အရောင်းအဝယ် အာမခံချေးငွေစာချုပ် ၊ အရောင်းအဝယ် အာမခံချေးငွေစာချုပ်လုပ်ငန်း ၊ အာမခံချေးငွေစာချုပ်နှင့် စတော့ရှယ်ယာကိစ္စရပ်များအတွက် အေဂျင်စီ ၊ ကြိုရောင်းကြိုဝယ် ကုန်ပစ္စည်း အစုရှယ်ယာ လက်ထောက် ၊ ကိုယ်ပိုင် ကြိုရောင်ကြိုဝယ် ကုန်ပစ္စည်း ၊ အပ်နှံထားသော နိုင်ငံခြား အရောင်းအဝယ် အာမခံချေးငွေစာချုပ် ၊ အခြားသော အာဏာပိုင်အဖွဲ့အစည်းမှ ခွင့်ပြုထားသော လုပ်ငန်းများ

ဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၂၀ ခုနှစ်တွင် အာရှကော်ပိုရေးရှင်းလူမှုရေးတာဝန်ဆုပေးပွဲမှချီးမြှင့်သော “လူမှုရေးဆိုင်ရာပရဟိတတိုးတက်မှုဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ် ~ ၂၀၂၀ ခုနှစ်တွင် “အမျိုးသားအမှတ်တံဆိပ်ယွိစန်းတောင်ဆုပေးပွဲ၏ လူကြိုက်အများဆုံးဆု” ကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။
  • ၂၀၂၀ခုနှစ်တွင် Taipei Exchange စင်တာ အာမခံဆုကြေးလှုပ်ရှားမှုတွင် "အလေးချိန်လည်ပတ်မှုဆု" ၌ စတုတ္ထနေရာရရှိခဲ့ပြီး "အကောင်းဆုံးအခွင့်အရေးတန်ဖိုးဆု" တွင် စတုတ္ထနေရာရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် Taipei Exchange စင်တာ၏ တန်ပြန်စျေးကွက်ယှဉ်ပြိုင်မှုတွင် “ကြီးထွားမှုနှင့် တိုးတက်မှုဆု” ၌ ဒုတိယနေရာ ရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် Taipei Exchange စင်တာ၏ “အကောင်းဆုံး ဗဟိုအစိုးရဘွန်း ဈေးကွက်ဖန်တီးခြင်း” ကို ရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ဗဟိုဘဏ်အကဲဖြတ်ချက်မှုအရ “အကောင်းဆုံးဗဟိုဘွန်းအရောင်းအဝယ်ကုန်သည်” ကို ရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် Bussiness Today မဂ္ဂဇင်း၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဘဏ် နှင့် ငွေချေးအကဲဖြတ်ခြင်းအတွက် “အကောင်းဆုံးကြွယ်ဝချမ်းသာမှု စီမံခန့်ခွဲမှုအကျိုးဆောင်ဆု” အကောင်းဆုံးဆု၊ “အကောင်းဆုံးဖောက်သည်ယုံကြည်မှုဆု” ပထမဆု၊ “အကောင်းဆုံးထုတ်ကုန်ဆု” ဒုတိယဆု၊ “အကောင်းဆုံးစွန့်စားမှုထိန်းချုပ်ရေးဆု” ဒုတိယဆု၊ “အကောင်းဆုံးစမတ်ငွေကြေးစီမံခန့်ခွဲမှုဆု” ဒုတိယဆု၊ “အကောင်းဆုံး‌ဖောက်သည်ကျေနပ်မှုဆု” တတိယဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် Futures exchange ၏ ဆဋ္ဌမကြိမ်မြောက် Futures exchange ဒိုင်းမွန်းဆုမှ “Futures exchange ၏ ကိုယ်ပိုင်လုပ်ငန်းတိုးတက်လာရေး ဒိုင်းမွန်းဆု” ဒုတိယဆုနှင့် “Futures exchange ၏ လက်ထောက်လုပ်ငန်းတိုးတက်လာရေး ဒိုင်းမွန်းဆု” တတိယဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ၂၀ ကြိမ်မြောက် ရွှေထိပ်တန်းဆုပေးပွဲ၌ “ထိပ်တန်း ၁၀ ခုသော ကောင်းမွန်ထုတ်ကုန်” ဆုကိုဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် စ‌တော့အိတ်ချိန်း၏ ၂၀၂၀ ခုနှစ် အီလက်ထရောနစ်မှာယူမှုပြိုင်ပွဲ “ထူးချွန်မြှင့်တင်‌ရေးဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် တတိယကြိမ်မြောက် တရုတ်ပရဟိတပွဲတော်တွင် "တရုတ်လူမျိုးပရဟိတရွှေဖြတ်ကျော်ဆု" ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် စတော့အိတ်ချိန်း ETN နှင့် ETN ပြိုင်ပွဲ “ETN လုပ်ငန်းဖြစ်မြောက်ရေးပါဝင်မှုဆု” ပထမဆု၊ “ETN လုပ်ငန်းဖြစ်မြောက်ရေးနှိုင်းယှဥ်ဆု
  • ” တတိယဆုတို့ကို ဆွတ်ခူးခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် အကောင်းဆုံးမဂ္ဂဇင်း၏ အကောင်းဆုံးဒစ်ဂျစ်တယ် ပလက်ဖောင်းဝန်ဆောင်မှုဆု” နှင့် "အကောင်းဆုံးကော်ပိုရေးရှင်း လူမှုတာဝန်သိတတ်မှုဆု" တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် Taipei Exchange စင်တာ၏ “၂၀၂၀ခုနှစ် အကြံပြုလမ်းညွှန်ချက်နှင့် OTC စွမ်းဆောင်ရည်ဆု" တတိယနေရာကို ရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၁၂ ကြိမ်မြောက် TCSA ထိုင်ဝမ်ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးဆုဖြစ်သော “တီထွင်ဆန်းသစ်မှု နှင့် တိုးတက်ရေးဆု” ကို ဆွတ်ခူးနိုင်ခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် စတော့အိတ်ချိန်း အာမခံထုတ်ပေးသူများနှင့် ငွေချေးအကျိုးဆောင် လုပ်ငန်းဆုပေးပွဲတွင် “ပါဝါတန်ဖိုးအကောင်းဆုံးဆု” နှင့် “ပါဝါတန်ဖိုးတိုးတက်ရေးဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် Bussiness Today မဂ္ဂဇင်း၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဘဏ် နှင့် ငွေချေးအကဲဖြတ်ခြင်းအတွက် “အကောင်းဆုံးကြွယ်ဝချမ်းသာမှု စီမံခန့်ခွဲမှုအကျိုးဆောင်ဆု” အကောင်းဆုံးဆု၊ “အကောင်းဆုံးစွန့်စားမှုထိန်းချုပ်ရေးဆု” ပထမဆု၊ “အကောင်းဆုံး‌ဖောက်သည်ကျေနပ်မှုဆု” ဒုတိယဆု၊ “အကောင်းဆုံးငွေရောင်ဖော်ရွေမှုဆု” ဒုတိယဆု နှင့် “အကောင်းဆုံးစဥ်ဆက်မပြတ်တိုးတက်ရေးဆု” ဒုတိယဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၁၁၁၁ လူသားအရင်းအမြစ်ဘဏ်မှ “၂၀၁၉ခုနှစ် ဝန်ဆောင်မှုလုပ်ငန်း၏ ပျော်ရွှင်စရာလုပ်ငန်းခွင်ဆု” ၌ အပျော်ရွှင်ရဆုံးရင်းနှီးမြှုပ်နှံမှုနှင့် ချမ်းသာမှုစီမံခန့်ခွဲမှုကုမ္ပဏီ ၁၅ ခုတွင် ပါဝင်ခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ဒုတိယကြိမ်မြောက် တရုတ်ပရဟိတပွဲတော်တွင် "တရုတ်လူမျိုးပရဟိတရွှေဖြတ်ကျော်ဆု" ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အားကစားဦးစီးဌာနမှ ချီးမြှင့်သော “၂၀၁၉ခုနှစ် အားကစားကော်ပိုရေးရှင်းဆာတီဖီကိတ်အမှတ်တံဆိပ်” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် တတိယမြောက် ရင်းနှင်းမြှုပ်နှံမှု CSR သက်ရောက်မှုဆုဖြစ်သော “လူမှုရေးရာသက်ရောက်မှုဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၁၅ ကြိမ်မြောက် အာမခံနှင့် Futures ရွှေယိဆု “ထူးချွန်ဘဏ္ဍာရေးဖန်တီးမှုဆု” အသင်းအဖွဲ့ဆုကို ရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) မှ ချီးမြှင့်သော “ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးစွမ်းဆောင်ရည်အမျိုးအစား- တီထွင်ဆန်းသစ်မှု နှင့် တိုးတက်မှုဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် အကောင်းဆုံးမဂ္ဂဇင်း၏ “၂၀၁၉ခုနှစ် အကောင်းဆုံးအာမခံအကဲဖြတ်ချက်” ၏ ဘဏ္ဍာရေးထိန်းချုပ်မှု အမျိုးအစားတွင် “အကောင်းဆုံးဒစ်ဂျစ်တယ်ပလက်ဖောင်းအတွေ့အကြုံဆု” နှင့် “အကောင်းဆုံးကော်ပိုရေးရှင်း လူမှုတာဝန်သိတတ်မှုဆု" တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် စတော့အိတ်ချိန်း၏ ‘အက်တီဗီတီ စီးပွားရေးဆု IPO ဈေးကွက်တန်ဖိုးဆု” တတိယနေရာ၊ “ညှိနှိုင်းချေးငွေဆု” အာမခံရောင်းချလျက်ရှိသော အကျိုးဆောင်များကြားတွင် ဒုတိယဆု” ကို ချိတ်ယူနိုင်ခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် “၂၀၁၈ခုနှစ် i အားကစားဖလားကော်ပိုရေးရှင်း အွန်လိုင်းချစ်ကြည်ရေးပြိုင်ပွဲ” အကောင်းဆုံးဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် အကောင်းဆုံးမဂ္ဂဇင်း၏ “၂၀၁၈ခုနှစ် အကောင်းဆုံး အာမခံအကဲဖြတ်ချက်” ၏ ဘက်ပေါင်းစုံဒစ်ဂျစ်တယ်ဝန်ဆောင်မှုဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် Bussiness Today မဂ္ဂဇင်း၏ ချမ်းသာကြွယ်ဝမှု စီမံခန့်ခွဲမှုဘဏ် နှင့် ငွေချေးအကဲဖြတ်ခြင်းအတွက် “အကောင်းဆုံးဖောက်သည်ယုံကြည်မှုဆု” ပထမဆု ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် ထိုင်ဝမ် ပစ္စည်းသိုလှောင်ရေးနှင့် ဘဏ်ကြားစာရင်းရှင်းပေးသည့် ဗဟိုရုံး” ၏ “ချီပေါင် e ငွေစုစာအုပ်” ကို ဒေါင်းလုပ်ဆွဲထားသူစုစုပေါင်းတွင် ဒုတိယနေရာ ချိတ်ခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် စတော့အိတ်ချိန်း၏ ‘အက်တီဗီတီ စီးပွားရေးဆု IPO ဈေးကွက်တန်ဖိုးဆု ပထမနေရာ” နှင့် “အက်တီဗီတီ စီးပွားရေးဆု IPO စုဆောင်းရံပုံငွေပမာဏ ဒုတိယနေရာ” တို့ကို ချိတ်ယူနိုင်ခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် Taipei Exchange စင်တာ၏ “အကောင်းဆုံး ဗဟိုအစိုးရဘွန်း ဈေးကွက်ဖန်တီးခြင်း” ကို ရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ၁၄ ကြိမ်မြောက် အာမခံနှင့် ကြိုရောင်းကြိုဝယ် ကုန်ပစ္စည်း ရွှေရည်ဆုဖြစ်သော “ကျော်ကြားဘဏ္ဍာရေးဖန်တီးမှုဆု” အသင်းအဖွဲ့ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် အကောင်းဆုံးမဂ္ဂဇင်း၏ “၂၀၁၇ခုနှစ် အကောင်းဆုံး ဘဏ္ဍာရေးအာမခံအကဲဖြတ်ချက်” ၏ အကောင်းဆုံးဝန်ဆောင်မှုအရည်အသွေးဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အားကစားဦးစီးဌာနမှ ချီးမြှင့်သော “၂၀၁၇ခုနှစ် အားကစားကော်ပိုရေးရှင်းဆာတီဖီကိတ်အမှတ်တံဆိပ်” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် Taipei Exchange စင်တာ ဘွန်း ETF ဆုကြေးလှုပ်ရှားမှုတွင် “E အဆင့် BOND ကိုယ်တိုင်ဝန်ဆောင်မှုဆု” ကို ရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် Bussiness Today မဂ္ဂဇင်း၏ ချမ်းသာကြွယ်ဝမှု စီမံခန့်ခွဲမှုဘဏ် နှင့် ငွေချေးအကဲဖြတ်ခြင်းအတွက် “အကောင်းဆုံးဘက်စုံအ‌ရောင်းဝန်ထမ်းဆု” ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ၁၄ ကြိမ်မြောက် အမျိုးသားအမှတ်တံဆိပ်ယွိစန်းဆုပေးပွဲတွင် “အကျော်ကြားဆုံးသော ထုတ်ကုန်ဆု” ၂၀၁၇ ခုနှစ် စတော့အိတ်ချိန်းမှ ချီးမြှင့်သော “အာမခံလက်မှတ်ဖြန့်ချိမှုအကောင်းဆုံးဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် Taipei Exchange စင်တာ၏ “အကောင်းဆုံး ဗဟိုအစိုးရဘွန်း ဈေးကွက်ဖန်တီးခြင်း” ဆု ကို ရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် Futures exchange ၏ ဒုတိယကြိမ်မြောက် ဒိုင်းမွန်းဆုမှ “အာမခံလုပ်ငန်းအမှုတွဲအရေအတွက်ဒိုင်းမွန်းဆု” ဒုတိယဆုနှင့် “အာမခံလုပ်ငန်းအမှုတွဲအရေအတွက်တိုးတက်လာရေး ဒိုင်းမွန်းဆု” ဒုတိယဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် Bussiness Today မဂ္ဂဇင်း၏ ချမ်းသာကြွယ်ဝမှု စီမံခန့်ခွဲမှုဘဏ် နှင့် ငွေချေးအကဲဖြတ်ခြင်းအတွက် “အကောင်းဆုံး‌ဖောက်သည်ကျေနပ်မှုဆု” ပထမဆု၊ “အကောင်းဆုံးအရောင်းဝန်ထမ်းအသင်းအဖွဲ့၊ အကောင်းဆုံးဖောက်သည်ထောက်ခံမှုဆု၊ အကောင်းဆုံးငွေကြေးစီမံခန့်ခွဲမှုပုံရိပ်ဆု” ဒုတိယဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် Taipei Exchange စင်တာ၏ “အကောင်းဆုံး ဗဟိုအစိုးရဘွန်း ဈေးကွက်ဖန်တီးခြင်း” ဆု ကို ရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် ၁၇ ကြိမ်မြောက် ရွှေထိပ်တန်းဆုပေးပွဲ၌ “နှစ်ပတ်လည် ထိပ်တန်း ၁၀ ခုသော ထူးချွန်စီးပွားရေးလုပ်ငန်းများ” နှင့် “နှစ်ပတ်လည် ထိပ်တန်း ၁၀ ခုသော ကောင်းမွန်ထုတ်ကုန်” ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။

အားသာချက်များ

  • ဆက်သွယ်ရေးလမ်းကြောင်းနှင့် ပတ်သက်၍ ထိုင်ဝမ်တစ်နိုင်ငံလုံးတွင် လုပ်ငန်းလည်ပတ်ရေးအတွက် အခြေစိုက်စခန်းများကို ထားရှိထားရုံသာမက မတူကွဲပြားခြားနားသော လူမျိုးစုများ၏ ဖောက်သည်သစ်များအတွက် ကွဲပြားခြားနားသော မြှင့်တင်ရေးပုံစံများကို လက်ခံကျင့်သုံးလျက်ရှိပြီး ဖောက်သည်သစ်များ၏ လက်တွေ့အသုံးပြုနှုန်းကို မြှင့်တင်နိုင်ရန် အကောင့်ဖွင့်လှစ်ပြီးနောက် အရောင်းအဝယ်မရှိသော်လည်း ပြန်လည် CALL စနစ်ကို တည်ဆောက်ပေးထားသည်။
  • ကမ္ဘာလုံးဆိုင်ရာ ပိုင်ဆိုင်မှုနဲ့ပတ်သက်သော ဝေခွဲမှုပုံစံကို ကောင်းမွန်စွာ အသုံးချပြီး ဖောက်သည်များ၏ ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ စွန့်စားမှုအရည်အချင်းပေါ်မူတည်၍ အစုရှယ်ယာများ ၊ နိုင်ငံခြားငွေလဲလှယ်မှုများ နှင့် ငွေချေးစာချုပ်များမှ ပိုင်ဆိုင်မှုခွဲဝေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍများအတွက် အဆိုပြုချက်များအလိုက် ဖောက်သည်များ တစ်နေရာတည်းတွင် ဈေးဝယ်ဝန်ဆောင်မှုအပိုင်းကို မြှင့်တင်ထားသည်။
  • ဒစ်ဂျစ်တယ် ဘဏ္ဍာရေးနယ်ပယ် ဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ ပါဝင်လျက်ရှိပြီး ဒစ်ဂျစ်တယ် ငွေရေးကြေးရေးဆိုင်ရာ ပလက်ဖောင်းနှင့် ဝန်ဆောင်မှုများကို တိုးချဲ့လျက်ရှိသည်။ ထို့အပြင် အလွှာအသီးသီးရှိ ဖောက်သည်များ အရောင်းအဝယ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆော့ဝဲလ်ဖန်ရှင်းများကိုလည်း ကောင်းမွန်လာအောင် လုပ်ဆောင်လျက်ရှိသည်။
  • ပြည်တွင်းငွေချေး ရောင်းဝယ်သူနှင့် ငွေချေးစာချုပ်ရွေးချယ်ရေး ဈေးကွက်ကို ဦးဆောင်သူများ ကနဦးအကြိမ်တွင် ဈေးကွက်အဖွဲ့များအဖြစ် ပေါင်းစပ်ပြီး ပြီးပြည့်စုံသော ထုတ်ကုန်အရောင်းဝန်ဆောင်မှုကို ပေးစွမ်းနိုင်ရန် ဆင်းသက်လာသော ထုတ်ကုန်များအတွက် ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပုံစံများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နိုင်ငံခြားငွေချေးစာချုပ်လုပ်ငန်းနှင့် ကာလတိုငွေတောင်းခံလွှာများကို တစ်ပြိုင်နက် လုပ်ဆောင်လျက်ရှိသည်။
  • ပထမဦးဆုံး ပြည်တွင်း၌ ရင်းနှီးတည်ထောင်ပြီး ငွေချေးလုပ်ငန်းအတွက် ကောင်တာတွင် စာရင်းပြုစုထားသော ဇီဝနည်းပညာကုမ္ပဏီအများစုနှင့်လည်း ဆွေးနွေးတိုင်ပင်သည်။ အာမခံလုပ်ငန်း၏ ဦးစားပေးအဖြစ် ဆေးနှင့် ဇီဝနည်းပညာလုပ်ငန်းကို အဓိက ပစ်မှတ်ထားပြီး အမျိုးမျိုးသော IPO ၊ SPO သို့မဟုတ် ကုမ္ပဏီချင်းပေါင်းခြင်း ဗျူဟာ ရေးဆွဲမှုတို့ကို ထောက်ပံ့နိုင်ရန် ကုမ္ပဏီတန်ဖိုးနှင့် ရှယ်ယာတန်ဖိုးတို့ကို အကဲဖြတ်ထားသည်။
  • ML ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံသည် ကာလရှည် စုဆောင်းသည့်အပြင် သုတေသနစွမ်းအားတို့ကိုလည်း အခြေခံသည်။ သုတေသန အစီရင်ခံစာ အရည်အသွေးသည် ဥပဒေပညာရှင်များ၏ အတည်အမှတ်ပြုမှတ်ကို ရရှိသည့်အပြင် အခွင့်အရေးအပြည့်နှင့် စီးပွားရေးလုပ်ငန်းများကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှု ခွဲခြမ်းစိတ်ဖြာမှုသည် ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဥ်နှင့် စနစ်ကို ဖွဲ့စည်းနိုင်ခြင်းကြောင့် လုပ်ငန်း၏ အသက်သွေးကြောကို ကောင်းမွန်စွာ ဆုပ်ယူနိုင်ခဲ့သည်။

အားသာချက်များ

  1. လူ့အသက်ကို ပြည့်ဝစွာ လေးစားတန်ဖိုးထားပြီး “ဖြောင့်မတ်ခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ စွမ်းဆောင်ရည်၊ ဝန်ဆောင်မှု” စသည်ကို စီးပွားရေး ဒဿန အဖြစ်ကိုင်စွဲလုပ်ကိုင်သည်။
  2. ဝန်ဆောင်မှုပေးရာတွင် “သုံးစွဲသူဦးစားပေး” ဝါဒကို ကျင့်သုံးပြီး “သုံးစွဲသူနှင့်ဆက်ဆံရေးတွင် ဝန်ဆောင်မှု နံပါတ်(၁)” ဖြစ်စေရန် အမြဲဂရုပြုကာ၊ လုပ်ငန်းဆိုင်ရာ “တွေ့ဆုံဆက်ဆံချိန်တိုင်း ကောင်းမွန်သော ပုံရိပ်စွဲကျန်နေ” စေမည့် ဝန်ဆောင်မှုပုံစံဖြင့် လုပ်ကိုင်သည်။
  3. Shin Kong-HNA Life Insurance Company Ltd. ၏ အဆင့်ဆင့်သော ဝန်ထမ်းများသည် ကုမ္ပဏီတွင်းနှင့် ပြင်ပရှိ အရင်းအမြစ်များကို ကောင်းစွာစုစည်းပြီး သုံးစွဲသူ ကပ်စတိ်ုမာများ မျှော်လင့်ထားသည့် ဝန်ဆောင်မှုထက် အမြဲကျော်လွန်ကောင်းမွန်နေစေရန် စည်းလုံးညီညွှတ်စွာဖြင့် အစစ အရာရာ ဂရုတစိုက်ပြုမူ ဝန်ဆောင်မှုပေးသည်။

အနာဂတ်မျှော်မှန်းချက်များ

  • အမျိုးမျိုးသောလုပ်ငန်းများကို ဖွင့်လှစ်ပေးနိုင်သော စီးပွားရေးအခွင့်အလမ်းများကို ဆုပ်ယူထားခြင်း ၊ ရှယ်ယာရှင်များအတွက် တည်ငြိမ်သော အမြတ်နှင့် အကြီးမားဆုံးသော တန်ဖိုးတို့ကို ဖန်တီးပေးနိုင်ရန် ထုတ်ကုန်ဆန်းသစ်တီထွင်မှုကို တက်ကြွစွာ လုပ်ဆောင်သည့်အပြင် ငွေကြေးနည်းပညာဝန်ဆောင်မှုတို့ကို အားဖြည့်လျက်ရှိသည်။
  • စီးပွားရေးလုပ်ငန်းဆိုင်ရာ လူမှုရေး တာဝန်ယူမှုနယ်ပယ်၌ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်လုပ်ကိုင်ပြီး ကုမ္ပဏီအုပ်ချုပ်မှုကို အကောင်အထည်ဖော်ရေး ၊ ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ကို တည်ဆောက်ရေးနှင့် လူမှုဖူလုံရေးကို ထိန်းသိမ်းရေးတို့အတွက် ကတိကဝတ်ပြုထားသည့်အပြင် လူ့ဘောင်အဖွဲ့အစည်း၌ အပြုသဘောဆောင်သော အင်အားဖြစ်ပေါ်လာရန် မျှော်လင့်ထားသည်။

ဝဘ်ဆိုက် https://www.masterlink.com.tw/
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း 0800-088148
မိုဘိုင်းဖုန်းနှင့် နိုင်ငံခြားဖောက်သည် ၀န်ဆောင်မှုအထူးလိုင်း (02)2708-3972
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် service@masterlink.com.tw

TOP