MENU
Shin Kong ရုပ်ဝတ္ထု အာမခံ ကုမ္ပဏီလီမိတက်

ပရိုဖို်င်

ရုပ်ဝတ္ထု အာမခံလုပ်ငန်း

ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

မီးဘေးအန္တရာယ်အာမခံ၊ မော်တော်ယဉ်အာမခံ၊ အင်ဂျင်နီယာအာမခံ၊ တာဝန်ယူမှုအာမခံ၊ ကုန်တင်သယ်ယူပို့ဆောင်ရေးအာမခံ၊ ထိခိုက်ဒဏ်ရာနှင့် ကျန်းမာရေး အာမခံ။

ဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၁၄ ခုနှစ် (၁၆) ကြိမ်မြောက် အာမခံယုံကြည်မျှော်လင့်ခြင်းမေတ္တာ “အကောင်းဆုံး အာမခံလုပ်ငန်းကျွမ်းကျင် ဆု” ၂၀၁၄ ခုနှစ် (၁၆) ကြိမ်မြောက် အာမခံယုံကြည်မျှော်လင့်ခြင်းမေတ္တာ “အကောင်းဆုံး လူမှုဝန်းကျင်တာဝန်ခံဆု”
  • ၂၀၁၃ ခုနှစ် (၁၅) ကြိမ်မြောက် အာမခံယုံကြည်မျှော်လင့်ခြင်းမေတ္တာ “အကောင်းဆုံး အာမခံလုပ်ငန်းကျွမ်းကျင် ဆု” ၂၀၁၃ ခုနှစ် (၁၅) ကြိမ်မြောက် အာမခံယုံကြည်မျှော်လင့်ခြင်းမေတ္တာ “အကောင်းဆုံး လူမှုဝန်းကျင်တာဝန်ခံဆု”
  • ၂၀၁၂ ခုနှစ် (၁၄) ကြိမ်မြောက် အာမခံယုံကြည်မျှော်လင့်ခြင်းမေတ္တာ “အကောင်းဆုံး လူမှုဝန်းကျင်တာဝန်ခံဆု”
  • ၂၀၁၁ ခုနှစ် ဒစ်ဂျစ်တယ်မဂ္ဂဇင်း ၏ “ဒစ်ဂျစ်တယ်စံနှုန်း အခြေခံဝန်ဆောင်မှုလုပ်ငန်း” များမှ ရုပ်ဝတ္ထု အာမခံကဏ္ဍအတွက် တတိယဆု
  • ၂၀၁၁ ခုနှစ် စတုတ္ထအကြိမ်မြောက် Taiwan Insurance Excellence Award ၏ “လူမှုဝန်ထမ်းထူးချွန်ဆု” ပဏာမအဆင့်

အားသာချက်များ

၁၉၆၃ ခုနှစ် မေလ (၁)ရက်နေ့တွင် စတင်ထူထောင်ခဲ့သော Shin Kong ရုပ်ဝတ္ထု အာမခံကုမ္ပဏီ သည် ရုပ်ဝတ္ထု အာမခံလုပ်ငန်းနှင့်ပတ်သက်၍ နို်င်ငံတစ်ဝှမ်းလုံးရှိ လုပ်ငန်းရှင်များကို စစ်တမ်းကောက်မှုတိုင်း၌ လူသိများမှု၊ ဂုဏ်သတင်းကျော်ဇော မွှေးပျံ့မှု၊ စိတ်ချယုံကြည်ရမှု၊ ဝန်ထမ်းများလုပ်ငန်း ကျွမ်းကျင်မှု၊ အာမခံကြေး ပြန်လည်ထုတ်ပေးခြင်း စသည့်လုပ်ငန်းဆောင်တာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင့်ဆုံးအမှတ်များရရှိခဲ့သည်။ ခိုင်မာသော စျေးကွက်ဝေစုကိုလည်း ရရှိထားပြီး ကဏ္ဍအသီးသီးမှ လူအများ၏ ယုံကြည်မြတ်နိုးကိုးစားခြင်းကို ခံယူရသော ကုမ္ပဏီလည်းဖြစ်သည်။ များမကြာမီကာလအတွင်း အာမခံယုံကြည်မျှော်လင့်ခြင်းမေတ္တာဆုများ ဆွတ်ခူးရရှိခြင်းမှာ ကုမ္ပဏီ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လူအများက ထောက်ခံ အသိအမှတ်ပြုခြင်းကြောင့် ဖြစ်သည်။

အနာဂတ်မျှော်မှန်းချက်များ

  • “ကောင်းမွန်သော ဝန်ဆောင်မှုဖြင့် အကျိုးအမြတ်များဖန်တီးမည်” ဟူသော ခံယူချက်အတိုင်း ကုမ္ပဏီတွင်းနှင့် လုပ်ငန်းဆောင်တာများ ပိုမိုထိရောက် ကောင်းမွန််မြန်ဆန်လာစေရန် ဆက်လက်ဆောင်ရွက်မည်။ထိုပြင် ကုမ္ပဏီတွင်း ထရိမ်နင် သင််တန်းများ ပို့ချပေးခြင်းဖြင့် ဝန်ထမ်းတို့၏ အရည်အသွေးကို အမြဲမပြတ်မြှင့်တင်ပေးမည်။
  • ဝန်ဆောင်မှုထုတ်ကုန်သစ်များ ထုတ်လုပ်၍ “ရဲရင့်စွာ တာဝန်ယူလုပ်ကိုင်” သည့် စိတ်ဓါတ်ဖြင့် တစ်နေ့တစ်ခြား တိုးပွားလာနေသော ရုပ်ဝတ္ထု အာမခံလိုအပ်ချက်များကို ပြည့်မီအောင် ဖြည့်ဆည်းပေးမည်။ နို်င်ငံအနှံ့ ဝန်ဆောင်မှုကွန်ယက်ကို ဖြန့်ကျက်ကာ သုံးစွဲသူ ဖောက်သည်များအား စွမ်းဆောင်ရည်မြင့်ပြီး အနာအဆာကင်းသည် ထုတ်ကုန်ဝန်ဆောင်မှုများ ပေးအပ်မည် ဖြစ်သည်။
  • ထိုသို့ ပရော်ဖက်ရှင်နယ်အရည်အသွေးမြင့်ဝန်ဆောင်မှုဖြင့် ကုမ္ပဏီ၊ အစိုးရ၊ ရှယ်ယာရှင်၊ ဝန်ထမ်း၊ မိတ်ဖက်အဖွဲ့အစည်း နှင့် သုံးစွဲသူ (Six Wins) အားလုံး အကျိုးရှိစေမည့် စီးပွားရေးပန်းတိုင်ကို ချမှတ် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသည်။

Tel: (02)2507-5335
ဝဘ်ဆိုက် https://www.skinsurance.com.tw/
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း 0800-789-999
ဖောက်သည်ဝန်ဆောင်မှု အီးမေးလ် https://www.skinsurance.com.tw/SKI/Contact.aspx

TOP