MENU
Shin Kong အသက်အာမခံ ကုမ္ပဏီလီမိတက်

ပရိုဖို်င်

၁၉၆၃ ခုနှစ် ဂျူလိုင်လ ၃ဝရက်နေ့တွင် စတင်ထူထောင်သည်။ “တည်ဆောက်အကျိုး ပြည်သူဖို့” ဟူသောဆောင်ပုဒ်ဖြင့် “ဆန်းသစ်တီထွင်ခြင်း၊ ဝန်ဆောင်မှု၊ ယုံကြည်ရမှု၊ ပြန်လည်အကျိုးပြုခြင်း” စသည့် စီးပွားရေးမူ(၄)ရပ်ကို ချမှတ်ခဲ့သည်။ “ လူတိုင်း အိမ်တိုင်း အာမခံ ရှိရမည်” ဟုခံယူကာ “ပြောင်းလဲခြင်း မရှိက ခေတ်နောက်ကျ၊ ဝန်ဆောင်မှု နံပတ်(၁) အရည်အသွေး၊ လူမှုဓလေ့ လေးစားလိုက်နာ၊ သာယာလူဘောင် အတူဆောက်ရန်”ဟူသော လုပ်ငန်းဓလေ့ကို တည်ထောင်သည်။ ရာစုနှစ် တစ်ဝက်ကို ဖြတ်သန်းပြီးနောက် လုပ်ငန်း ရင့်ကျက်မှု နှင့် ဝန်ဆောင်မှု ဧရိယာကြီးမားကျယ်ပြန့်လာသဖြင့် ထိုင်ဝမ်တစ်ဝှမ်းလုံးကို ဝန်ဆောင်မှုပေးလာနိုင်ကာ တရုတ်ပြည်မ စျေးကွက်သို့ ဝင်ရောက်ပြီး အာရှ နှင့် ကမ္ဘာစျေးကွက်သို့လည်း ဆန့်ထုတ် ဝန်ဆောင်မှုပေးရန် လုပ်ဆောင်လျက်ရှိသည်။ အသက်အာမခံလုပ်ငန်း၏ အဓိက လုပ်ဆောင်ချက်များသို့ အာရုံစိုက် ပြုပြင်ပြောင်းလဲကာ တည်ငြိမ်သောအကျိုးအမြတ် ခံစားမှုဖြင့် စိတ်ချယုံကြည် အားထားရသော အာမခံ လုပ်ငန်း အမှတ်တံဆိပ် ဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်။

ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ

မတူညီသော ဘဝနေထို်င်မှုများကြောင့် လိုအပ်သော အာမခံအမျိုးအစား အားလုံးကို ဖြည့်ဆည်းပေးနိုင်သော စုံလင်သည့် အာမခံ အမျိုးမျိုးနှင့် ဝန်ဆောင်မှုကို ပေးသည်။ သမရိုးကျ အသက်အာမခံ၊ အတိုးနှုန်းရှင် အမျိုးအစားအာမခံ၊ ရင်းနှီးမြှုပ်နှံသည့် အမျိုးအစား အာမခံ၊ ထိခိုက်ဒဏ်ရာရမှု လူပုဂ္ဂိုလ် အာမခံ၊ လူပုဂ္ဂိုလ် ကျန်းမာရေးအာမခံ နှင့် အဖွဲ့အစည်းလိုက် ကျန်းမာရေး အာမခံ စသဖြင့် အမျိုးမျိုး ဝန်ဆောင်မှုပေးသည်။

ဂုဏ်ပြုဆုတံဆိပ်များ

  • ၂၀၂၀ ခုနှစ်တွင် ၁၇ ကြိမ်မြောက် အမျိုးသားအမှတ်တံဆိပ်ယွိစန်းဆုပေးပွဲ၏ “လူကြိုက်အများဆုံးအမှတ်တံဆိပ်ဆု”တွင် ပထမဆု နှင့် “အကျော်ကြားဆုံးသော စီးပွါးရေးလုပ်ငန်းဆု” ၊ “အကောင်းဆုံးသော ထုတ်ကုန်ဆု” ၊ “လူကြိုက်အများဆုံးအမှတ်တံဆိပ်ဆု” အစရှိသည့်ဆုကြီး လေးဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ထိုင်ဝမ်ဘဏ္ဍာရေးကြယ်ပွင့်မှ “အကောင်းဆုံးသော လုပ်ငန်းတိုးတက်မှုဆု” နှင့် “အကောင်းဆုံးသော လူမှုဝန်ဆောင်မှုဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ၁၆ ကြိမ်မြောက် ရွှေမီးတုတ်ဆုပေးပွဲ၏ “တစ်နှစ်တာ တီထွင်ဆန်းသစ်မှုဒီဇိုင်းဆု” နှင့် “ဧည့်သည်များနှစ်သက်မှုအများဆုံးဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ၂၀၂၀ခုနှစ် အသေးစားအာမခံလုပ်ငန်းယှဥ်ပြိုင်ပွဲ၌ ဘဏ္ဍာရေးကောင်စီမှ ချီးမြှင့်သော “ထူးချွန်ထက်မြက်သောစွမ်းဆောင်ရည်ဆု” ကိုဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အားကစားဦးစီးဌာနမှ ထုတ်ပြန်သော ၂၀၂၀ခုနှစ် အားကစားပရိုမိုးရှင်းဆုဖြစ်သော “ပရိုမိုးရှင်းအမျိုးအစား” နှင့် “စပွန်ဆာအမျိုးအစား” အစရှိသော ဆုအမျိုးအစားနှစ်ခုတွင် ကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ၂၂ ကြိမ်မြောက် Reader’s Digest မှ ချီးမြှင့်သော “၂၀၂၀ခုနှစ် ယုံကြည်အားထားရသောBrandရွှေတံဆိပ်ဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ၂၀၂၀ အဋ္ဌမကြိမ်မြောက် အာမခံအရည်အသွေးဆုပေးပွဲ၌ “လူသိအများဆုံးဆု” အထူးဆု နှင့် “အကောင်းဆုံးအရောင်းသမားဆု” ၊ “အာမခံလျော်ကြေးပိုင်းဆိုင်ရာအကောင်းမွန်ဆုံးဝန်ဆောင်မှုဆု” ၊ “အထိုက်တန်းဆုံးသောအကြံပြုထောက်ခံချက်” အစရှိသည့် အကောင်းဆုံးဆု သုံးဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ၂၀၂၀ နဝမကြိမ်မြောက် နဂါးနှင့်ဖီးနစ်ငှက် အသက်အာမခံဆုပေးပွဲ၌ “အတွင်း
  • ဝန်ဆောင်မှုအဖွဲ့” နှင့် “ပြင်ပဝန်ဆောင်မှုအဖွဲ့” အထူးဆုတို့ကို ဆွတ်ခူးခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ၂၀၂၀ ပထမကြိမ်မြောက် Reader’s Digest မှ ချီးမြှင့်သော ဆုပေးပွဲတွင် ခရီးသွားအာမခံအမျိုးအစား၌ “ဝန်ဆောင်မှုအထူးဆု”ငွေဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ဗြိတိန်ဘဏ္ဍာရေးမီဒီယာ၏ “ကမ္ဘာလုံးဆိုင်ရာ ဘဏ်နှင့် ဘဏ္ဍာရေးသုံးသပ်ချက်” တွင် “၂၀၂၀ခုနှစ် ထိုင်ဝမ်နိုင်ငံ၏ အကောင်းဆုံးဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအသက်အာမခံကုမ္ပဏီ” အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
  • ၂၀၂၀ ခုနှစ်တွင် ကျန်းမာရေး မဂ္ဂဇင်းမှ “CHR ကျန်းမာရေးကော်ပိုရေးရှင်းနိုင်ငံသားဆု” ငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၂၀ ခုနှစ်တွင် ၂၀၂၀ခုနှစ် CSEA အကောင်းဆုံး ဖောက်သည်ဝန်ဆောင်မှုဆုပေးပွဲတွင် “အကောင်းဆုံးသော ဝန်‌ဆောင်မှုပိုင်းဆိုင်ရာ တီထွင်အားကောင်းသော စီးပွားရေးလုပ်ငန်း” နှင့် “အကောင်းဆုံးသော ကွန်မြူနစ်တီ စီမံခန့်ခွဲရေးဆိုင်ရာ စီးပွားရေးလုပ်ငန်း” အစရှိသော ဆုတို့ကို ဆွတ်ခူးခဲ့သည့်အပြင် Greater China ဖောက်သည်စင်တာမဟာမိတ် (GCCA) မှ “အကောင်းဆုံးသော ကွန်မြူနစ်တစ်စီမံခန့်ခွဲရေးဆိုင်ရာစီးပွားရေးလုပ်ငန်း” အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
  • ၂၀၁၉ ခုနှစ်တွင် ၁၆ ကြိမ်မြောက် အမျိုးသားအမှတ်တံဆိပ်ယွိစန်းဆုပေးပွဲတွင် “လူကြိုက်အများဆုံးBrandဆု” ၊ “အကျော်ကြားဆုံးသော ထုတ်ကုန်အမျိုးအစားဆု” တွင်ပထမဆုနှင့် အခြားသော ဆုကြီးခြောက်ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် အဋ္ဌမကြိမ်မြောက် ထိုင်ဝမ်အာမခံထူးချွန်ဆုပေးပွဲတွင် “ပရဟိတထူးချွန်ဆု” ၊ “အသေးစားအာမခံမြှင့်တင်ရေးထူးချွန်ဆု” ၊ “အာမခံအပ်နှံထားသူများအတွက် ဝန်ဆောင်မှုပိုင်းဆိုင်ရာစီမံခန့်ခွဲမှုထူးချွန်ဆု” ၊ “သတင်းအချက်အလက်ပရိုဂရမ်ထူးချွန်ဆု” နှင့် “စွမ်းရည်မြှင့်တင်ရေးသင်တန်းထူးချွန်
  • ဆု” အစရှိသော ငွေတံဆိပ်ဆု ငါးဆု အပြင် “အာမခံလုပ်ငန်း၌ လစာတိုးမြှင့်မှုအတွက် အထူး‌ကောင်းမွန်သောစံစီးပွားရေးလုပ်ငန်း” အစရှိသော ဆု တို့ကို ရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်ဘဏ္ဍာရေးကြယ်ပွင့်မှ “အကောင်းဆုံးသော လူမှုဝန်ဆောင်မှုဆု” နှင့် “အကောင်းဆုံးသော ထုတ်ကုန်ဆန်းသစ်တီထွင်မှုဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၁၅ ကြိမ်မြောက် ရွှေမီးတုတ်ဆုပေးပွဲတွင် “နှစ်ပတ်လည် တီထွင်ဆန်းသစ်မှုဒီဇိုင်းဆု” နှင့် “ကောင်းမွန်သောဖောက်သည်များနှစ်ခြိုက်မှုဆု” တို့ကို ဆွတ်ခူးခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) မှ ချီးမြှင့်သော “ထိုင်ဝမ်ကော်ပိုရေးရှင်းရေရှည်တည်တံ့ရေးအထူးဆု” ၊ “ကော်ပိုရေးရှင်းရေရှည်တည်တံ့ရေးစွမ်းဆောင်ရည် အမျိုးအစား-ဆက်ဆံရေးဖန်တီးမှုဆု ၊ လူမှုဆက်ဆံရေးဆု” နှင့် “ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးအစီရင်ခံစာဆု - ရွှေဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၂၀၁၉ခုနှစ် အာမခံလုပ်ငန်းယှဥ်ပြိုင်ပွဲ၌ “အသေးစားအာမခံတတိယဆု” ရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အားကစားဦးစီးဌာနမှ ထုတ်ပြန်သော ၂၀၁၉ခုနှစ် အားကစားပရိုမိုးရှင်းဆုဖြစ်သော “ပရိုမိုးရှင်းအမျိုးအစား” နှင့် “စပွန်ဆာအမျိုးအစား” အစရှိသော ဆုအမျိုးအစားနှစ်ခုတွင် ကြေးတံဆိပ်ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၂၁ ကြိမ်မြောက် Reader’s Digest မှ ချီးမြှင့်သော “၂၀၁၉ခုနှစ် ခရက်တစ်အမှတ်တံဆိပ်ရွှေဆု” ကို ဆွတ်ခူးခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ကျင်းပသော၂၁ ကြိမ်မြောက် အာမခံခရက်တစ်မျှော်လင့်ချက်နှင့် ချစ်မြတ်နိုးမှု ဆုပေးပွဲမှ “အကောင်းဆုံးလူမှုရေးဆိုင်ရာ တာဝန်သိတတ်မှုဆု” ၊ “အကောင်းဆုံးအာမခံပညာရေးပံ့ပိုးမှုဆု” ၊ “အကောင်းဆုံးလမ်းကြောင်းနည်းဗျူဟာဆု” ၊ “အကောင်းဆုံးဆက်သွယ်ရေးအေဂျင်စီဆု” ၊ “အကောင်းဆုံးကျွမ်းကျင်ပညာရှင်အတိုင်ပင်ခံဆု” နှင့်
  • "အကောင်းဆုံးအာမခံအောင်မြင်မှုဆု" တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၂၀၁၉ အာရှကော်ပိုရေးရှင်းလူမှုရေးတာဝန်ဆုပေးပွဲမှချီးမြှင့်သော “လူမှုရေးဆိုင်ရာပရဟိတတိုးတက်မှုဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၂၀၁၉ သတ္တမကြိမ်မြောက် ကျင်းပသည့်အာမခံအရည်အသွေးဆုပေးပွဲ၌ “လူသိအများဆုံးဆု” နှင့် “အကောင်းဆုံးအရောင်းသမားဆု” ၊ “အကောင်းမွန်ဆုံးအာမခံလျော်ကြေးဆု” အကောင်းဆုံးဆု သုံးဆု နှင့် “အထိုက်တန်းဆုံးအကြံပြုထောက်ခံချက်” အထူးဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၂၀၁၉ခုနှစ် အဋ္ဌမမြောက် အာမခံနဂါးနှင့်ဖီးငှက်ဆုပေးပွဲ၏ အသက်အာမခံ ၌ “အတွင်း ဝန်ဆောင်မှုအဖွဲ့” နှင့် “ပြင်ပဝန်ဆောင်မှုအဖွဲ့” အထူးဆုတို့ကို ဆွတ်ခူးခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၁၉ ကြိမ်မြောက် ရွှေထိပ်တန်းဆုပေးပွဲ၌ “ထိပ်တန်း ၁၀ ခုသော ထူးချွန်စီးပွားရေးလုပ်ငန်းများ” ဆု ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၂၀၁၉ တမူထူးခြားဒစ်ဂျစ်တယ်ဆုပေးပွဲတွင် “အကောင်းဆုံးနည်းပညာဆန်းသစ်တီထွင်မှု” ရွှေဆု ၊ “အကောင်းဆုံးဧည့်သည်ခရီးစဥ်နှင့် မျက်နှာပြင်ဒီဇိုင်း” ကြေးဆု ၊ “အကောင်းဆုံးအသုံးပြုသူအတွေ့အကြုံ (UX)” နှင့် “အကောင်းဆုံးဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပုံ” ငွေဆု နှစ်ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ၂၀၁၉ ခုနှစ် ပုဂ္ဂလိကကော်ပိုရေးရှင်းအသင်းအဖွဲ့၏ အစိမ်း‌ရောင်ဝယ်ယူမှုစွမ်းဆောင်ရည်ဌာနမှ ချီးမြှင့်သော “ပုဂ္ဂလိကကော်ပိုရေးရှင်းအသင်းအဖွဲ့၏အစိမ်းရောင်ဝယ်ယူမှုဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် ထိုင်ပေမြို့တော် အလုပ်သမား လုံခြုံရေးဆုပေးပွဲ၌ “လုပ်ငန်းခွင် လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ အထူးကောင်းမွန်သောဌာန” ၊ “အထူးကောင်းမွန်သော လူအရင်းအမြစ်” ၊ “လုပ်ငန်းခွင်လုံခြုံရေးဖန်တီးမှုစွမ်းရည်ဆု” နှင့် “အထူးကောင်းမွန်သောလုပ်ငန်းခွင်စီမံကိန်း” ဆု တို့ကို အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
  • ၂၀၁၈ ခုနှစ်တွင် ထိုင်ဝမ်ဘဏ္ဍာရေးကြယ်ပွင့်မှ “အကောင်းဆုံးသော စီးပွားရေးလမ်းကြောင်းဆု” နှင့် “အကောင်းဆုံးသော လူမှုရေးဆိုင်ရာ တာဝန်ယူမှုရှိသော ကော်ပိုရေးရှင်းဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) မှ ချီးမြှင့်သော “ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးအစီရင်ခံစာဆု - ပလက်တီနမ်ဆု” ၊ “အထွေထွေစွမ်းဆောင်ရည်အမျိုးအစား-ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၏ TOP50 ကော်ပိုရေးရှင်းရေရှည်တည်တံ့ရေးအထူးဆု” နှင့် “တစ်ဦးတည်းစွမ်းဆောင်ရည်အမျိုးအစား-လူမှုရေးပိုင်ဆိုင်ရာတွင်ပါဝင်မှုဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် ၁၅ ကြိမ်မြောက် အမျိုးသားအမှတ်တံဆိပ်ယွိစန်းဆုပေးပွဲတွင် “လူကြိုက်အများဆုံးဆု” နှင့် “အကျော်ကြားဆုံးသော ထုတ်ကုန်ဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် ၂၀၁၈ “အသေးစားအာမခံတစ်ဟုန်ထိုးဆု” နှင့် “ထူးချွန်စွမ်းဆောင်ရည်ဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် အားကစားဦးစီးဌာနမှ ချီးမြှင့်သော “ပရိုမိုးရှင်းအမျိုးအစား” ငွေဆု နှင့် “စပွန်ဆာအမျိုးအစား” ကြေးဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ် ၂၀၁၈ အကောင်းဆုံးအာမခံယှဥ်ပြိုင်ပွဲတွင် “အကောင်းဆုံးဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် ၂၀ ကြိမ်မြောက် အာမခံခရက်တစ်မျှော်လင့်ချက်နှင့် ချစ်မြတ်နိုးမှု ဆုပေးပွဲမှ ကျင်းပသော “အကောင်းဆုံးလူမှုရေးဆိုင်ရာ တာဝန်သိတတ်မှုဆု” ၊ “အကောင်းဆုံးအာမခံပညာရေးပံ့ပိုးမှုဆု” ၊ “အကောင်းဆုံးလမ်းကြောင်းနည်းဗျူဟာဆု” ၊ “အကောင်းဆုံးဆက်သွယ်ရေးအေဂျင်စီဆု” နှင့် “အကောင်းဆုံးကျွမ်းကျင်ပညာရှင်အတိုင်ပင်ခံဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် "ISO 20121 စဥ်ဆက်မပြတ်လှုပ်ရှားမှုစီမံကိန်းဆု" ၏ SGS အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ် ၁၄ ကြိမ်မြောက် ရွှေမီးတုတ်ဆုပေးပွဲတွင် “နှစ်ပတ်လည် တီထွင်ဆန်းသစ်မှုဒီဇိုင်းဆု” နှင့် “ကောင်းမွန်သောဖောက်သည်များနှစ်ခြိုက်မှုဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် ဒုတိယကြိမ်မြောက် ရွှေလင်းယုန်ငှက်မိုက်ခရိုရုပ်ရှင်တိုပြိုင်ပွဲ၌ “အကောင်းဆုံဗီဒီယို” နှင့် “ရိုက်ကူးရေးဖန်တီးမှုအမျိုးအစားအကောင်းဆုံးဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် ၂၀၁၈အရည်အသွေးအာမခံဆုပေးပွဲ၌ “လူသိအများဆုံးဆု” အထူးဆု နှင့် “အကောင်းဆုံးအရောင်းသမားဆု” ၊ “အာမခံလျော်ကြေးပိုင်းဆိုင်ရာအကောင်းမွန်ဆုံးဝန်ဆောင်မှုဆု” ၊ “အထိုက်တန်းဆုံးအကြံပြုထောက်ခံချက်” အစရှိသဖြင့် အကောင်းဆုံးဆု သုံးဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ် သတ္တမအကြိမ်မြောက် နဂါးနှင့်ဖီးငှက်အာမခံဆုပေးပွဲတွင် “အသက်အာမခံ အတွင်းဝန်ဆောင်မှုအဖွဲ့” နှင့် “ပြင်ပဝန်ဆောင်မှုအဖွဲ့” အထူးဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) မှ ချီးမြှင့်သော “ထိုင်ဝမ် TOP50 ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးအစီရင်ခံစာဆု” ဖြစ်သော ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းရွှေဆု ၊ “TCSA တီထွင်ဆန်းသစ်မှု နှင့် တိုးတက်ရေးဆု” အစရှိသော ဆုကြီးနှစ်ဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ၁၉ ကြိမ်မြောက် အာမခံခရက်တစ်မျှော်လင့်ချက်နှင့် ချစ်မြတ်နိုးမှု ဆုပေးပွဲမှ ကျင်းပသော “အကောင်းဆုံးလူမှုရေးဆိုင်ရာ တာဝန်သိတတ်မှုဆု” ၊ “အကောင်းဆုံးအာမခံပညာရေးပံ့ပိုးမှုဆု” ၊ “အကောင်းဆုံးလမ်းကြောင်းနည်းဗျူဟာဆု” ၊ “အကောင်းဆုံးပေါင်းစည်းဆက်သွယ်ရေးဆု” နှင့် “အကောင်းဆုံးဆက်သွယ်ရေးအေဂျင်စီဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် သတ္တမကြိမ်မြောက် ထိုင်ဝမ်နိုင်ငံအာမခံထူးချွန်ဆုပေးပွဲတွင် “အာမခံအပ်နှံထားသူများအတွက် ဝန်ဆောင်မှုပိုင်းဆိုင်ရာစီမံခန့်ခွဲမှုထူးချွန်ဆု” ရွှေဆု အပြင် “ပရဟိတထူးချွန်ဆု” ၊ “အာမခံမြှင့်တင်ရေးထူးချွန်ဆုဆု” ၊ “သတင်းအချက်အလက်ပရိုဂရမ်ထူးချွန်ဆု” နှင့် “စွမ်းရည်မြှင့်တင်ရေးသင်တန်းထူးချွန်ဆု” အစရှိသော ငွေဆု ‌လေးဆု တို့ကိုဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် အကောင်းဆုံးမဂ္ဂဇင်း၏ "၂၀၁၇ ခုနှစ် အကောင်းဆုံးအာမခံအကဲဖြတ်ခြင်း" ၏ အကောင်းဆုံးဘဏ္ဍာရေးဆိုင်ရာ ထုတ်ကုန် ဆန်းသစ်တီထွင်မှုဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ၁၈ ကြိမ်မြောက် ရွှေထိပ်တန်းဆုပေးပွဲ၌ “နှစ်ပတ်လည် ထိပ်တန်း ၁၀ ခုသော ထူးချွန်စီးပွားရေးလုပ်ငန်းများ” ဆု ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် Taiwan Institute for Sustainable Energy (TAISE) မှ ချီးမြှင့်သော “ထိုင်ဝမ် TOP50 ကော်ပိုရေးရှင်း‌ရေရှည်တည်တံ့ရေးအစီရင်ခံစာဆု” ဖြစ်သော ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းရွှေဆု ၊ “ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း TOP50 ကော်ပိုရေးရှင်းရေရှည်တည်တံ့ရေးအထူးဆု အစရှိသော ဆုကြီးနှစ်ဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် အမျိုးသားထူးချွန်ကျန်းမာရေးလုပ်ငန်းခွင်”ကျန်းမာရေးအမှတ်တံဆိပ်ဆု” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အားကစားဦးစီးဌာနမှ ချီးမြှင့်သော “အားကစားကော်ပိုရေးရှင်းဆာတီဖီကိတ်” ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် “၂၀၁၇ ထိုင်ပေရွှေလင်းယုန်ငှက်မိုက်ခရိုရုပ်ရှင်ပြပွဲ” ၌ အကောင်းဆုံးဖလင်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် Foresight မဂ္ဂဇင်း၏ ၁၄ ကြိမ်မြောက် “Foresight ကြယ်ငါးပွင့်ဝန်ဆောင်မှုဆု” ဖြစ်သော အာမခံလုပ်ငန်း၏ ပထမဆုံးဆုကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် ၁၈ ကြိမ်မြောက် အာမခံခရက်တစ်မျှော်လင့်ချက်နှင့် ချစ်မြတ်နိုးမှု ဆုပေးပွဲမှ ကျင်းပသော “အကောင်းဆုံးလူမှုရေးဆိုင်ရာ တာဝန်သိတတ်မှုဆု” ၊ “အကောင်းဆုံးအာမခံပညာရေးပံ့ပိုးမှုဆု” ၊ “အကောင်းဆုံးလမ်းကြောင်းနည်းဗျူဟာဆု” ၊ “အကောင်းဆုံးဆက်သွယ်ရေးအေဂျင်စီဆု” နှင့် “အကောင်းဆုံးကျွမ်းကျင်ပညာရှင်အတိုင်ပင်ခံဆု” တို့ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် ၁၇ ကြိမ်မြောက် ရွှေထိပ်တန်းဆုပေးပွဲ၌ “ထိပ်တန်း ၁၀ ခု မြောက်သော ထူးချွန်စီးပွားရေးလုပ်ငန်းများ” နှင့် “ထိပ်တန်း ၁၀ ယောက်သော ထူးချွန်စီးပွားရေးဦးဆောင်သူ” ဆု ကို ဆွတ်ခူးရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် “ထိုင်ပေမြို့ ကျော်ကြားသော ကျန်းမာရေးလုပ်ငန်းခွင် အသိအမှတ်ပြုဆာတီဖီဂိတ်” ကို ပထမနေရာ ရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီမှ “ကော်ပိုရေးရှင်းအသင်းအဖွဲ့၏အစိမ်းရောင်ဝယ်ယူမှုဆု နှင့် အစိမ်းရောင်ဝယ်ယူမှုပရောဂျက်” အရည်အသွေးပြည့်ဝသော ဌာန အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
  • ၂၀၁၆ ခုနှစ်တွင် ဒစ်ဂျစ်တယ် Time မဂ္ဂဇင်းမှ "၂၀၁၆ FCAစီးပွားရေးသစ် ဖန်တီးမှုဆု” ၏ အကောင်းဆုံးဖောက်သည် ဆက်ဆံရေးအတွက် ငွေဆုကို ဆွတ်ခူးရရှိခဲ့သည်။

အားသာချက်များ

  1. ၂၀၂၀ခုနှစ်အကုန်တွင် Shin Kong ၏ အသက်အာမခံတွင် ဝန်ထမ်းပေါင်း ၁၅၀၀၀ ကျော် အထိ ရောက်ရှိခဲ့ပြီး တရားဝင်စာချုပ်ချုပ်ဆိုထားသော လုပ်ငန်းအမှုတွဲပေါင်း ၇.၅ သန်းကျော် ရှိခဲ့ပြီးဖြစ်သည်။
  2. စုစုပေါင်းပိုင်ဆိုင်မှုသည် ၃.၃ ထရီလီယံကျော် ရှိသည်ဖြစ်သည်။
  3. မိခင် SKFH ၏ စီးပွားရေး ဗျူဟာကို ကျင့်သုံးကာ ဘဏ်ပေါင်း(၅၀)ကျော် နှင့် သဘောတူစာချုပ်ချုပ်ဆို်ထားပြီး အခြား ကုမ္ပဏီခွဲများနှင့်လည်း ပူးပေါင်း၍ အာမခံဝန်ဆောင်မှုကို အခြားထုတ်ကုန်များနှင့် အတူရောင်းချသည်။
  4. ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကိုလည်း လွယ်ကူ လျင်မြန် အဆင်ပြေသော အွန်လိုင်းစနစ်ကို အသုံးပြုကာ “New Core System” အလိုအလျောက်ကွန်ပြူတာ စနစ်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။
  5. ဒီဂျစ်တယ် ခေတ်ရေစီးကြောင်းအတိုင်း ပိုမိုအဆင်ပြေသော လက်ကိုင်မိုဘိုင်းဖုန်းသုံး Application ပလက်ဖောင်း ဖြင့်လည်း ဝန်ဆောင်မှုကို ထိုင်ရာမထ သက်သာလွယ်ကူစွာ ရယူနိုင်သည်။
  6. “ဝန်ဆောင်မှု ပထမ” ဟူသော ခံယူချက်အတိုင်း အမျိုးမျိုးသော သုံးစွဲသူကာကွယ်ရေး လှုပ်ရှားမှု၊ အိမ်တိုင်ယာရောက် ကွင်းဆင်းဝန်ဆောင်မှု တို့ဖြင့် ရင်းရင်းနှီးနှီး အဆင်ပြေပြေ ဝန်ဆောင်မှုပေးသည်။
  7. 0800 အခမဲ့တယ်လီဖုန်းလိုင်း ထားရှိပေးပြီး ရွေ့လျားကူညီကယ်ဆယ်ရေး၊ ပြည်ပ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သည်။ ဂြိုလ်တုစနစ်သုံး SKYPHONE ကို အသုံးချပြီး တစ်ကမ္ဘာလုံးရှိ မည်သည့်နေရာမှမဆို 0800 ဝန်ဆောင်မှုကို ရယူနိုင်ရန်စီမံထားခြင်းဖြင့် အာမခံ အရည်အသွေး တန်ဖိုးကို ဖန်တီးလျက်ရှိသည်။

အနာဂတ်မျှော်မှန်းချက်များ

  1. တရုတ်ပြည်မ အာမခံစျေးကွက်သို့ တက်ကြွစွာ ထိုးဖောက်ဝင်ရောက် ဝန်ဆောင်မှုပေးမည် ဖြစ်ပြီး ဆက်လက်၍ အာရှနှင့် ကမ္ဘာ့စျေးကွက်သို့လည်း ဝင်ရောက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
  2. အသက်အာမခံလုပ်ငန်း၏ အဓိက လုပ်ငန်းစဉ်ကို အာရုံစိုက်၍ တည်ငြိမ်သော အကျိုးအမြတ်ကို ထိန်းသိမ်းကာ စိတ်ချယုံကြည်ရသော အာမခံလုပ်ငန်း အမှတ်တံဆိပ် အဖြစ် ဆက်လက် ရပ်တည်သွားမည်။

https://www.skl.com.tw
ဖောက်သည်ဝန်ဆောင်မှု ဟော့ခ်လိုင်း 0800-031-115
နိုင်ငံရပ်ခြားမေးမြန်းစုံစမ်းမှု +886-2-7736-1122

TOP